Part9 U/Z

227 4 0
                                    

မန္တလေးမီးရထားဘူတာ.

''ပွမ်ပွမ်..''

''ပုပ္ပါးက ခရီးသည်များ မန္တလေးပြင်ဦးလွင်ကိုရောက်ရှိပါပြီ''

ဘူတာရုံရှေ့မှာလူတွေစည်ကားနေပြီးစျေးရောင်းသူတွေလည်းအသင့်ရှိနေကြတော့သည်။
စျေးသည်တော်တော်များများမှာ မီးရထားပေါ်ထိလိုက်ရောင်းရတော့သည်။တချို့ဆိုကချင်အဝတ်အစားဝတ်ပြီး ဒီဆေးက ကချင်ခါကာဘိုရာဇီတောင်က ရတာပါဆိုရင်းလိမ်ရောင်းသူများကရှိကြသေးသည်။
ဝယ်သူတွေစိတ်တိုင်းကြဖြစ်ဖို့ထိသူတို့စျေးဆွဲတော့သည်။အဲ့ခါမှဝယ်သူတွေကလည်းဝယ်ကြတော့သည်။

ရထားဘူတာလေးက ပြင်ဦးလွင်ကနေညောင်ဦးကို ၂၀၀၀ကုန်ကျသည်။ဟိုးဘိုးဘွားလက်ထပ်မှာတော့ ၁၀၀၊သို့မဟုတ်၁၀ကျပ်ဘဲ ကုန်ကျသည်။ဘာဂျာသမားများနဲ့ ဆိုင်ကယ်သမားများမှာ သူတို့ဆီလျှောက်လာမဲ့ စျေးဦးပေါက်ကို လှမ်းမေးကြတာမထူးဆန်းတော့ပါ
အရှေ့ကမြင်းလှည်းသမားကိုလူတယောက်ကလှမ်းခေါ်လိုက်တော့သည်။

''ဟိတ်..မြင်းလှည်းသမား..လာပါအုံး''

မြင်းလှည်းသမားလူငယ်လေးမှာ သူ့လှည်းကိုထုတ်ပြီးလျှောက်လာတော့သည်။
ကောင်လေးမှာလည်း လူကြီးတယောက်နဲ့သူရွယ်တူကောင်လေးတယောက်ကိုသေချာအကဲခတ်နေမိသည်။
သူကြည့်နေရင်း လွဲ လိုက်ပြီးမိတ်ဆက်လိုက်သည်။

''ဦးလေးဘယ်သွားချင်လို့လဲ''

''ငါ့ကိုပြင်ဦးလွင်က ရတနာစံအိမ်ဆီပို့ပေးစမ်းကပါကွယ် ''

''ဟုတ်ကဲ့ ဒီအထုတ်တင်မှာမလား''

''အင်းတင်လိုက် ''

ကြမ်းပြင်ပေါ်မှာချထားတဲ့အထုတ်ကိုသူ့မြင်းလှည်းပေါ်ကိုကောက်တင်လိုက်တော့သည်။
ပြင်ဦးလွင်မှာကလမ်းကောင်းပေမဲ့တချို့နေရာတွေက ပြိုကျနေလို့ဂမုနဲ့ချိုင့်ခွက်အချို့လည်းရှိသည်။
အဲ့လိုလမ်းမျိုးဆို မြင်းလှည်းသို့မဟုတ်လှည်းနဲ့သွားမှတော်ကာကျသည်။
မြင်းလှည်းစီးလာပြီးခြံဝန်းကျယ်ကျယ်တခုရှေ့ရောက်ရပ်ချလိုက်သည်။
သူတို့နှစ်ယောက်ဆင်းလိုက်ပြီးလူငယ်လေးက ပါလာတဲ့အထုတ်အပိုးကိုချပေးလိုက်တော့ပြီး သူ့လုပ်အားခယူရင်းပြန်လှည့်သွားတော့သည်။

မောင်သည်သာ (Completed)Where stories live. Discover now