Part33 U/Z

79 3 0
                                    

ဇေယျာနဲ့မင်းမြတ်သူပြန်သွားပြီးသိပ်မကြာ ထူးမြတ်သာဆေးအရှိန်ကြောင့်အိပ်ပျော်သွားခဲ့သည်။ နှင်းဆီမောင်တယောက်မောင်သူ့သူငယ်ချင်းတွေနဲ့စကားပြောရပါစေဆိုပြီးအခန်းထဲမှာဘဲနေလိုက်သည်။အမှန်တရားကသူ့လက်ထဲမှာရှိနေပေမဲ့မောင်ယုံကြည်လာအောင်ဘယ်လိုပြောရမှန်းသူမသိပါ။ မောင့်အသံမကြားတော့မှအခန်းထဲဝင်ကြည့်ချိန်နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတော့သည်။ မောင့်အိပ်နေတဲ့ဘေးဝင်ထိုင်ရင်းမောင့်မျက်နှာကိုတယုတယငေးကြည့်နေမိသည်။ မောင့်မျက်နှာလေးတဖြေးဖြေးပိန်ကျသွားပြီးကင်ဆာဆေးတွေကြောင့်လူကပိုပိုဆိုးလာသည်။ နှင်းဆီမောင်အိပ်နေသူနောက်ပါးမှာဝင်လှဲရင်းခါးကိုဖက်ထားလိုက်ပြီးငိုနေမိသည်။

''တောင်းပန်ပါတယ်မောင်..။ရင်ထဲကလာတဲ့စကားမို့ယုံကြည်ပေးပါ ''

အဲ့နေညမှာတော့အိပ်နေသောကောင်လေးကိုနောက်ကနေဖက်ထားရင်းငိုနေရှာသောကောင်လေးကိုကြည့်ကာလမင်းကြီးကသနားကာစပြုလာခဲ့တော့သည်။ လမင်းကြီးလည်းကြယ်လေးတွေမရှိရင်မနေနိုင်သလို၊ထိုကောင်လေးကလည်းသူ့ချစ်သူမရှိဘဲမနေနိုင်ဘူးတဲ့လေ။

.
.
.
.
.မနက်ခင်းနေရောင်ခြည်တွေပြတင်းပေါက်ကနေတဆင့်အခန်းထဲထိဖြာကျလာတော့သည်။ ထူးမြတ်သာတစ်ယောက်အိပ်စုံမှုန်ဝါးဖြင့်ဖြာကျလာတဲ့နေရောင်ခြည်ကိုလက်ဖြင့်ကာကာနိုးလာခဲ့တော့သည်။ မျက်လုံးဖွင့်လိုက်တဲ့အချိန်ကစပြီးသူ့ခန္ဓာကိုယ်ကအားရှိလာသလိုခံစားလာရတော့သည်။ ထဖို့လုပ်ချိန်နောက်ကနေသူ့ခါးပေါ်လက်တစ်စုံက ကျရောက်နေတော့သည်။ သူအလျင်အမြန်ဘဲ ကြည့်လိုက်တော့နှင်းဆီမောင်ဖြစ်နေသည်။ သူနှင်းဆီမောင်ရဲ့လက်ကိုဖယ်ပြီးကုတင်ပေါ်ကဆင်းလိုက်တော့သည်။ မှန်တင်ခုံပေါ်အရောက်တင်ထားသောအပြာရောင်စာအုပ်ကိုယူကြည့်လိုက်ချိန် သူထောင်ကျခဲ့ဖူးသောစာတန်းဖြစ်နေတော့သည်အပြင်ဦးမောင်မောင်ဦးနဲ့ပတ်သက်တဲ့စာရွက်တွေကောပင်။ ထူးမြတ်သာစာရွက်တွေကိုပြန်ကြည့်နေရင်းထွက်လာတဲ့ဓာတ်ပုံ။ သူစာရွက်တွေကိုပြန်စီကာခုံပေါ်ပြန်တင်ရင်းကျသွားတဲ့ဓာတ်ပုံကိုယူကြည့်လိုက်တော့သည်။ ဓာတ်ပုံထဲကအမျိုးသားကသူ့ပုံဖြစ်ပြီးသူ့ဘေးနားကလူကတော့အိပ်နေသောသူပင်။ ပုဂံညောင်ဦးမှာရိုက်ထားတဲ့ပုံလေးကိုကြည့်လိုက်တိုင်းသူ့နှလုံးသားကိုဓားနဲ့မွှန်းနေသလိုခံစားလာရသည်။ ဓာတ်ပုံလေးကိုစာရွက်ကြားထဲ ပြန်ထည့်ခဲ့ကာအောက်ထပ်ဆင်းလာလိုက်တော့သည်။

မောင်သည်သာ (Completed)Where stories live. Discover now