Part8 U/Z

109 1 0
                                    

ထူးမြတ်သာတယောက် သံဗန်းအလုပ်ပြီးလို့အိမ်ပြန်လာတာ သီရီမေတို့နဲ့ကြောင့်ပြန်ထွက်လာခဲ့သည်။သူလည်းဟိုဟိုဒီဒီဖြင့် အိမ်မှာနေလိုက်တာ ကျောင်းပြန်တက်ချိန်နီးလာခဲ့သည်။
ကျောင်းထဲ အရင်လိုပြန်ဝင်လိုက်တော့ သူ့သူငယ်ချင်းမင်းမြတ်သူနဲ့ ဇေယျာတို့ကစောင့်နေကြတော့သည်။
သွားအတူစားအတူ၊ နေထိုင်ကြပြီးသူငယ်ချင်းသံယောဇဥ်လည်းတစထက်တစတိုးလာတော့သည်။
တက္ကသိုလ်ကြီးက၃လတက်ပြန်ပိတ်ပြီး သာဖြင့်ကုန်ဆုံးနေတော့သည်။
ကျောင်းတွင်းပြိုင်ပွဲတွေများလာသည်။အဆို၊အက၊အတီးတွေလည်းပါဝင်ကြတော့သည်။
ကျွန်တော်ကတော့ အတီးထဲပါဝင်ဖို့ဆုံးဖြတ်ထားသည်။

ကျွန်တော်ကစန္ဒယားတီးရတာကို ပိုနှစ်သက်သည်။ပြီးတော့နှဲလည်းပါသည်။
ထူးမြတ်သာတို့သူငယ်ချင်းတသိုက် သစ်ပုပ်ပင်နားမှာထိုင်နေကြတော့သည်။
ည ည ဆိုလည်းမယ်ဒလင်တလက်ဖြင့် မြန်မာစာဆောင်၊သိပ္ပံဆောင်ကမိန်းကလေးတွေဆီသွားဆိုကြသေးသည်။
မင်းမြတ်သူက အဆိုမှာတော်တော့မိန်းကလေးများကသူ့ကိုသဘောကျကြသည်။ကျွန်တော်ကတော့ သဘောကျကျမကျကျ အဆင်ပြေသည်။အဓိကက မိသားစုအဆင်​ပြေဖို့ပါဘဲ။

ထူးမြတ်သာနဲ့ဇေယျာမှာ သစ်ပင်အောက်ထိုင်နေတုန်းမင်းမြတ်သူကိုလိုက်ရှာနေမိသည်။

''မင်းမြတ်ကော ''

''ဘယ်သိမှတုန်းဟ ငါကဗျာရေးနေတယ်တိုးတိုးနေ''

ထူးမြတ်သာတယောက်ဘေးက ကဗျာဆရာကိုထုချချင်စိတ်တွေပေါ်လာသည်။ကဗျာအရူးစာအရူးကတမျိုးလို့သူစိတ်ထဲမှာကျိန်လိုက်သည်။

အော်အချစ် အချစ်...
ရယူပိုင်ဆိုင်ခြင်းလားဆိုတော့မဟုတ်
စွန့်လွှတ်ခြင်းလားဆိုတော့လည်း ငိုကြွေးရ
မင်းကြောင့်နဲ့ အဖြေရှာမရဘူး ခင်ရယ်
ဘဝဆိုတာက မီး..
ေလပြေတွေကမုန်တိုင်း
မင်းက ရေပြင်
ကိုယ်လွှတ်မြောက်ဖို့တဖန်ကြိုးစားရအုံးမယ် ''ခင်ရယ်''

မောင်သည်သာ (Completed)Where stories live. Discover now