Part18 U/Z

61 4 0
                                    

မောင့်မေမေနဲ့စကားတွေပြောပြီးကာမှသာအိမ်ပြန်လာခဲ့သည်။ နှင်းဆီမောင်မြင်းလှည်းလေးစီးရင်းအိမ်ကိုပြန်လာခဲ့တော့သည်။အချိန်ကား၁၁နာရီဝန်းကျင်မို့၊နေပူနေသည်။ မြင်းလှည်းလမ်းလေးကလဲသဲမှုန်တွေထူထပ်နေတာ​ကြောင့် ဒီလမ်းကိုသာမြင်းလှည်းဖြင့်သွားမှရောက်သည်။ မော်တော်ကားဖြင့်သွားလျှင်ကားကသဲကြားထဲ ညှပ်နေလို့သွားမရဖြစ်နိုင်သည်။ မြင်းလှည်းလေးက ရတနာစံအိမ်အရှေ့မှောက်မှာရပ်လိုက်တော့သည်။ မြင်းလှည်းပေါ်ကဆင်းလာပါ လာရာလမ်းအတိုင်းအိမ်တော်ထဲဝင်လိုက်တော့သည်။ ဒီနှစ်ဆောင်းမှာချယ်ရီနဲ့မေမြို့ပန်းတွေပွင့်နေကြပြီလေ။ မနက်ကျမှဘဲ ဘုရားပန်းကပ်မည်ဟုတွေးလိုက်တော့သည်။ နှင်းဆီမောင်အခန်းထဲသာဝင်လာလိုက်တော့သည်။ သူစာတင်စားပွဲခုံမှာထိုင်နေရင်း..

''မောင်လည်းအိမ်ပြန်နားလောက်ရောပေါ့ မောင်သာငါနဲ့ယူဖြစ်ခဲ့ရင် မောင့်မေမေဘက်ကကြည်ဖြူပါ့မလား။ သူ့သားကို မျိုးရိုးအဆင့်တန်းထဲကလက်ထပ်ပြီးရှုံချလေမလားဆိုရင်းငါ့ကိုထင်နေမလား။ မဖြစ်သေးပါဘူးလေ မောင့်မေမေကိုငါနောက်မှဘဲငါနဲ့မောင့်အကြောင်းသေချာရှင်းပြရမယ်။ ''

'သား..သား.'

မြနှင်းဆီတံခါးဖွင့်ကာဝင်လာနေပေမဲ့လည်းခေါ်နေတာကိုအပြင်ဘက်ကိုကြည့်ရင်းငေးမှိုင်နေတဲ့သားကြောင့်သူစိတ်ထဲတမျိုးထင့်သွားသည်။ သားစိတ်ထဲမှာဟိုကောင်လေးဘဲရှိနေတာမလားဟူး.... မြနှင်းဆီသက်ပြင်းကျကာထပ်ခေါ်လိုက်တော့သည်။

''သား..''

ဒီတခေါက်တော့နှင်းဆီမောင်ပြန်လှည့်ကာထူးလိုက်တော့သည်။

''ဗျာ.မေမေ''

''ဟူး.....သားသူ့အကြောင်းတွေးနေပြန်ပြီလား မေမေပြောမယ် အချစ်ဆိုတာလုပ်ယူလို့မရဘူးသား မေမေမှားခဲ့တဲ့အမှားတခုကြောင့် မေမေခုထိစိတ်ထိခိုက်နာကျင်ရတုန်းဘဲ။ဒါကြောင့် မေမေ့သားလေးကိုမေမေလိုအဖြစ်ဆိုးမျိုးနဲ့မထိခိုက်စေချင်ဘူး သားနားလည်ရင်အကောင်းသား ''

နှင်းဆီမောင်မေမေဘာစကားတွေပြောနေမှန်းမသိပေမဲ့ မေမေ့နှုတ်ဖျားကထွက်လာတဲ့စကားတွေကမေမေ့ကိုနာကျင်စေတာတော့အမှန်ပင်။ သူလည်းခေါင်းငြိမ့်ပြလိုက်တော့ကာ

မောင်သည်သာ (Completed)Where stories live. Discover now