Part22 U/Z

70 2 0
                                    

''ကျွီ...."

ထူးမြတ်သာကုတင်ဘေးမှာတုံးလုံးပက်လက်လှဲနေရင်းသူ့ကိုပိတ်ထားတဲ့တံခါးကဖွင့်လာတော့သည်။ သူလည်းဘယ်သူများလဲလို့စိတ်ထဲတွေးပူနေချိန်တံခါးကိုဖွင့်လာသူကသူ့ညီမပန်းနုဖြစ်နေတော့သည်။ ပန်းနုကအိပ်နေရင်းအဝတ်ဖြင့်သူဘေးနားကပ်ထိုင်ကာ...

''ကိုကြီး..နာနေသေးလားဟင်..''

''ဟင့်အင်း..ကိုကြီးဘာမှမဖြစ်ဘူး ညီမလေး..''

''ရော့..ဒါယူပြီးကိုကြီးသွားပါတော့ ''

ဟုပြောရင်းသူ့ဆီထိုးပေးလိုက်တဲ့ပိုက်ဆံကြောင့်သူကြောင်သွားတော့သည်။ ညီမလေးကသူ့ကိုမျက်ရည်တွေကြားကနေပြုံးရင်းသူ့လက်ထဲကိုထည့်ပေးလိုက်တော့သည်။

''ကိုကြီး..အကိုနှင်းဆီမောင်ကိုပြောပေးပါ.အမေကမုန်းပေမဲ့ပန်းနုကမမုန်းပါဘူးလို့ ''

''အင်းပါ..ညီမလေးရယ် ကိုကြီးသွားတော့မယ်နော် အမေကောဟင်..''

''အမေက အိပ်နေပြီ.. ကိုကြီးသွားပါတော့ အမေ့ကိုပန်းနုဂရုစိုက်လိုက်ပါ့မယ် ''

ထူးမြတ်သာ.သူ့အမေရှိရာအခန်းဆီလျှောက်လာလိုက်တော့သည်။ အခန်းတံခါးဖွင့်လိုက်တော့ဖယောင်းတိုင်မီးလေးညိမ်းပြီးအိပ်ပျော်နေတဲ့အမေ့ကိုအဝေးကနေကြည့်ကာ ဒူးထောက်ကန်တော့ခဲ့တော့သည်။ ဦးသုံးကြိမ်ချပြီးတော့ ထူးမြတ်သာငိုနေတော့သည်။

'' အမေရယ် ဒီသားမိုက်ကိုလုံးဝခွင့်မလွှတ်ပါနဲ့ ကျွန်တော်အမေ့ဆီနောင်ဘယ်တော့မှမပေါ်လာတော့ပါဘူး.. အမေကအဝေးဆုံးထိသွားခိုင်းရင်တောင် ကျွန်တော်သွားပါမယ်အမေ.... အမေ့ကိုကျွန်တော်ကန်တော့ခဲ့ပါတယ် ..''

ထူးမြတ်သာ အခန်းဝမှာရပ်ကြည့်နေတဲ့ညီမလေးကိုပွေ့ဖက်လိုက်ကာမှာခဲ့တော့သည်။ သူတက္ကသိုလ်မတက်ခင်တည်းက အလုပ်တွေလုပ်သည့်ပိုက်ဆံကိုညီမလေးကျောင်းခနဲ့ အမေဆေးဖိုးဝါးခဆိုရင်းသူစုခဲ့သည်။ သူညီမလေးကိုနှုတ်ဆက်ကာ အဝတ်ထုတ်လေးဆွဲရင်းခြံထဲဆင်းလာတော့သည်။ ညသန်းခေါင်ယံလည်းဖြစ်လာသည်မို့ နှင်းဆီမောင်ရှိရာဆီလျှောက်လာခဲ့တော့သည်။

မောင်သည်သာ (Completed)Where stories live. Discover now