Part6 U/Z

302 8 0
                                    

''ကျောင်းမှာkingနဲ့Queenကိုဘယ်သူရမယ်ထင်လဲ..''

''ငါဘယ်သိမလဲ.. ''

ကျောင်းရဲ့လူတော်တော်များများမှာ kingနဲ့queenတွက်ရွေးနေကြတော့သည်။
ပါဝင်သူတွေကလည်းများပြားပြီး ကိုယ့်ကိုကြိုက်သူ ခင်သူတွေကမဲပေးကြတော့သည်။
ပြိုင်ပွဲတိုင်းကိုဝင်ပြိုင်ရပြီး အကမှာလည်းတော်ရသည်။
ကျွန်ကတော့စိတ်မဝင်စားဘူး၊ စိတ်မဝင်စားပေမဲ့ဘေးက၂ကောင်ကတော့အတန်းထဲမဝင်ခင် ရှိုးထုတ်ရတာအမော မိန်းကလေးတွေမြင်လိုက်အသဲပေးလိုက်၊ ဆံပင်သပ်ပြလိုက်ဖြင့်ကြာတော့ ကျွန်တော်စိတ်ညစ်လာသည်။
ခုလည်းအတန်းထဲသွားဖို့ကို ပြင်လိုက်တာ အဆောင်ထဲက​ေနမထရသေးဘူး။
ထူးမြတ်သာမှာမှန်ရှေ့မှာလုပ်နေတဲ့၂ယောက်ကို ကုတင်ပေါ်ကနေထိုင်ကြည့်နေတော့သည်။

အပျင်းပြေ မုန့်လေးစားလိုက်ဖြင့် စောင့်ရင်းစောင့်ရင်း အတန်းချိန်တက်မှသူအဆောင်နေထွက်လာခဲ့တော့သည်။
ဟိုနှစ်ကောင်ကတော့ အတန်းချိန်ကိုကျော်ပြီးမှရောက်လာကြတော့သည်။
ဆရာကမြင်ပြီးချင်းသူတို့ကို အပေါက်ဝမှာမတ်တပ်ရပ်ခိုင်းလိုက်တော့သည်။
စာသင်ချိန်လေးပြီးဆုံးသွားတော့ထူးမြတ်သာ အပြင်ကိုထွက်လာခဲ့တော့သည်။
အပြင်ရောက်ရောက်ချင်းမတ်တပ်ရပ်နေရတဲ့နှစ်ကောင်ကိုထားခဲ့လိုက်ရင်း ဆရာနောက်ကိုလိုက်လာခဲ့လိုက်တော့သည်။
ကျွန်တော့်ကိုဆရာက အတန်းခေါင်းဆောင်ဖြင့်ခန့်ထားပြီး ဆရာ့ဝေယျာဝစ္စတွေကိုပါလုပ်ပေးရသည်။

''ထူးမြတ်သာ..''

''ဟုတ်ဆရာ ''

သူစာအုပ်ကိုကိုင်ရင်းရပ်နေတုန်း ဆရာကသူ့ကိုခေါ်လိုက်သည်။
သူ့ရှေ့ကိုပြေးသွားလိုက်ရင်းဖြင့်ဘာပြောမလဲကိုနားထောင်နေတော့သည်။

''ဒီစာရွက်ကိုရုံးခန်းဆီယူသွားလိုက်ကြားလား။ ဆရာကြီးကိုပြောခဲ့လိုက်အုံး''

''ဟုတ်ကဲ့ဆရာ''

ထူးမြတ်သာပေးလိုက်တဲ့စာရွက်ကိုကိုင်ရင်း ရုံးခန်းဆီလျှောက်လာလိုက်သည်။ရုံးခန်းထဲမှာထိုင်ရင်းစာအုပ်ဖတ်နေတဲ့ဆရာကြီးဆီ လျှောက်သွားလိုက်တော့သည်။ဆရာကြီးက စာရွက်ကိုယူပြီးကျွန်တော်ရုံးခန်းက ထွက်လာခဲ့လိုက်သည်။
သူထွက်လာတော့လူတယောက်ဖြင့်ဝင်တိုက်မိတော့သည်။
သူလည်းပြုတ်ကျမှာစိုးလို့အလျင်ကောက်ဖမ်းလိုက်သည်။

မောင်သည်သာ (Completed)Where stories live. Discover now