Part31 U/Z

76 3 0
                                    

''ဒေါက်..!!ဒေါက်..''

..............

တံခါးသာခေါက်နေပေမဲ့ပြန်ဖြေသံမကြားတာကြောင့်နှင်းဆီမောင်ဝင်လာလိုက်တော့သည်။ ညသန်းခေါင်ယံကသတိရလာတဲ့မောင်ကစကားလည်းမပြောဘဲ၊ကုတင်ပေါ်မှာငူငူကြီးထိုင်နေတော့သည်။ ခုမနက်ရောက်ပြန်တော့အခန်းထဲဝင်လာချိန်ငူငူကြီးထိုင်ပြီးပြတင်းပေါက်အပြင်ဘက်ကိုငေးကြည့်နေတော့သည်။ ထိုပြတင်းပေါက်ကတဖက်ဘဲမြင်ရလို့ကွယ်ထားတဲ့လိုက်ကာစကိုဖယ်ပေးလိုက်တော့သည်။လေတွေတစ်ဖြူးဖြူးနဲ့ဝင်လာမှသာအသက်ရှူဝတော့သည်။ ပါလာတဲ့ဆန်ပြုတ်ကိုခုံပေါ်ချထားပြီးမောင့်ရှိရာဆီလျှောက်လာလိုက်တော့သည်။

''မောင်ဗိုက်ဆာနေပြီလား..''

''ဟင့်အင်း........ကျွန်တော်မစားချင်ဘူး။ ကျွန်တော့်ညီမလေးကိုဘဲတွေ့ချင်တယ် ''

နှင်းဆီမောင်ဆရာဝန်စကားအတိုင်းမောင့်စိတ်ချမ်းသာအောင်လိုက်ရောမည်လို့တွေးလိုက်တော့သည်။ ပြတင်းပေါက်ဘောင်ပေါ်တင်ထားတဲ့မောင်လက်ဖဝါးကိုဆုပ်ကိုင်ကာ

''မောင့်ညီမလေးကို ကျွန်တော်ခေါ်လာခဲ့မယ်ဆိုရင်ရော..''

''တကယ်...''

''အင်း..မောင့်ညီမလေးကိုသွားခေါ်လာခဲ့မယ်ပြီးရင်မောင်နဲ့အတူတူနေလို့ရပြီလေ၊ မဟုတ်ဘူးလား... ''

''တကယ်ပြောနေတာမလားနှင်းဆီမောင်...''

''ဟုတ်တာပေါ့။ ဒါဆိုခုမောင်ဆန်ပြုတ်သောက်လိုက်ရမယ်ပြီးရင်ဆေးသောက်ရမယ် ''

''မသောက်ဘူး...!! ညီမလေးကိုသာအရင်ခေါ်လာပေး ''

''ဟုတ်ပြီလေ မောင့်သဘောတိုင်းဘဲ ''

နှင်းဆီမောင်အခန်းထဲကနေနှေးကွေးသောခြေလှမ်းများဖြင့်တစ်လှမ်းခြင်းထွက်လာလိုက်တော့သည်။မောင်ညီမလေးကိုခေါ်ဖို့ဦးထွန်းအောင်နဲ့အတူထွက်လာလိုက်တော့သည်။ ထိုမိန်းကလေးနဲ့ဆုံပြီးလိုက်လာဖို့ပြောတော့လိုက်လာခဲ့တော့သည်။ ပန်းနုလည်းအိမ်အပြင်ကနေကားသံကြားလို့ထွက်ကြည့်ချိန်သူ့အကိုဟိုတချိန်ကချစ်ခဲ့ရပါသောသူ။ သူကပန်းနုဆီလာကာတောင်းပန်ပြီးသူ့အိမ်လိုက်ခဲ့ဖို့ခေါ်တော့သည်။ ပန်းနုငြင်းလိုက်တော့ကိုကြီးရှိတယ်လို့ကြားတော့ပန်းနုလိုက်ခဲ့ဖို့ဆန္ဒပြင်းထန်သွားသည်။စံအိမ်ထဲရောက်ပြီးလို့သူတို့နှစ်ယောက် အခန်းထဲဝင်သွားလိုက်တော့သည်။ အခန်းထဲရောက်တော့ပိန်သွားပြီးမျက်ကွင်းညိုနေတဲ့ကြားကနေသူ့ကိုပြုံးပြနေတော့သည်။
သူမထူးမြတ်သာဆီသွားကာပြေးဖက်လိုက်တော့သည်။ တစ်ယောက်နဲ့တစ်ယောက်ဖက်ကာငိုကြွေးနေတော့သည်။

မောင်သည်သာ (Completed)Where stories live. Discover now