Part19 U/Z

57 1 0
                                    

၃လပြည့်လို့တက္ကသိုလ်ပြန်တက်ချိန်ရောက်လာခဲ့သည်။ တက္ကသိုလ်ဝင်ပေါက်ကိုပြန်ရောက်တာနဲ့အငွေ့အသက်တွေပြန်ရနေသည်။ မော်တော်ကားလေးတစ်စီးကပုံမှန်တိုင်းတက္ကသိုလ်ရှေ့ဝသို့ရောက်ချလာခဲ့သည်။ ကားထဲကနေထွက်လာလိုက်တာနဲ့သူ့ကိုလူတိုင်းကကြည့်နေတော့သည်။ သူကအချောဆုံးအလှဆုံးထဲမှာပါဝင်နေတဲ့တက္ကသိုလ်ရဲ့အချောဆုံးစာရင်းထဲပါဝင်သူပေါ့။ သူ့မနာမည်က မြမိုးညိုတဲ့။

သူမက အညိုရောင်မကျတကျ ရင်ဖုံးအကျီကိုဝတ်ဆင်ထားပြီးထဘီကတော့အမဲပုပ်ရောင်လေးဖြစ်သည်။ ဆံပင်ရှည်ကြီးကိုကျစ်ဆံမြီးကျစ်ထားပြီး ဘိုတွေလိုမျက်မှန်အမဲကိုဝတ်ဆင်ထားတော့သည်။ သူမကလွယ်အိတ်လေးကိုလှလှပပလေးလွယ်ကာ ကျောင်းဝင်းထဲကြော့မော့စွာလျှောက်လာလိုက်တော့သည်။ သူမက ကျောင်းအုပ်ရုံးခန်းထိရောက်သွားပြီးစကားစမြည်ပြောလိုက်သည်။ သူအတန်းထဲ ပြန်ဝင်ဖို့လုပ်ချိန်သူ့ဘေးနားကနေအလျင်အမြန်ဖြတ်ပြေးသွားသူတယောက် သူ့ကိုဝင်တိုက်မိသွားတာတောင် တောင်းပန်စကားမပြောဘဲထွက်ကာပြေးသွားသူကိုသူမအရမ်းဒေါသထွက်သွားသည်။ သူမစိတ်တိုလက်ရဖြင့်ဒေါက်ဖိနပ်ကိုဆူဆူဆောင့်ဆောင့်ဖြင့်ဆောင့်ချလိုက်ချိန် အရှိန်လွန်ပြီးဒေါက်ကျိုးသွားတော့သည်။သူမလှဲပီလို့ထင်လိုက်ချိန်အမျိုးသားတယောက်ရဲ့ရင်ခွင်ဆီရောက်နေတော့သည်။သူမမော့ကြည့်လိုက်တော့

''ရရဲ့လား အမ ''

သူမအရမ်းစိတ်လှုပ်ရှားသွားသည်။သူရဲ့ပါးစပ်ဖျားကနေသူ့ကိုလေးစားမှုနဲ့အမလို့ခေါ်လိုက်တာလား။ သူပုံစံကခုမှနောက်ကျလို့အလျင်အမြန်ပြေးဝင်လာပုံဖြစ်သည်။နထင်ဆက်နားမှာလည်းချွေးတွေစို့နေတော့သည်။သူ့ကလည်းငုံကြည့်နေတဲ့အချိန်သူမကလည်းအမော့မို့မျက်နှာချင်းကပ်နေတော့သည်။သူမရှက်သွေးဖြာကာ.

''ရပါတယ် မိုးယိုင်သွားတာပါ ''

ဟုပြောကာဒေါက်ဖိနပ်ကိုတချက်ပြန်ငုံကြည့်လိုက်သည်။ ဒေါက်ဖိနပ်ကကျိုးသွားတာမို့သူမစိတ်ညစ်သွားသည်။ အရှေ့ကအမျိုးသားကသူ့ပြသာနာကိုကြည့်ကာ

မောင်သည်သာ (Completed)Where stories live. Discover now