Part11 U/Z

218 5 0
                                    

''ဟူး...... ''(သက်ပြင်းချသံ)

မြင်းလှည်းလေးတစ်စီးပေါ်မှာကောင်လေးတယောက်မှာဟိုးအဝေးကိုမော်ကြည့်ရင်းသပ်ပြင်းရှည်ကြီးချလိုက်တော့သည်။
မြင်းလှည်းလေးဟာ တောင်ကုန်းလမ်းတွေကိုဖြတ်သွားရင်းတဖြေးဖြေးလမ်းမထက်ကိုရောက်လုလာခဲ့သည်။
လမ်းမထက်မှာဆိုင်ကယ်တို့၊ကားတို့အသီးသီးရှိကြပေမဲ့မြင်းလှည်းကလည်းမရှိဖြစ်ထဲကတခုအပါအဝင်ပေါ့လေ။
ဆောင်းတွင်းလေးမို့ပြင်ဦးလွင်ကချမ်းလာပြီးအအေးချိန် ၁၃.cကိုရောက်လုနေသည်။

''ရပ်လိုက်လို့ရပြီဘမိုး''

''ဟုတ်ကဲ့သခင်လေး ''

ေကျာင်းလမ်းအရှေ့ဂိတ်မှာရပ်ခိုင်းလိုက်ပြီးကျောင်းဝင်းထဲသို့ခြေ ချလိုက်တော့သည်။
ကျောင်းတွင်းခရီးစဥ်မှာမပါဝင်ခဲ့ပေမဲ့မောင်ပါတယ်ဆိုတဲ့စိတ်ကြောင့်သာသူဝင်ပါလာခဲ့သည်။ဒါပေမဲ့လည်းကံကြမ္မာက မျက်နှာသာမပေးခဲ့ပါ။မောင်နဲ့၁ရက်သာဆုံခဲ့ရပြီး ကျန်တဲ့အချိန်မှာလွမ်းနေရတာကပိုများသည်။

နှင်းဆီမောင်တယောက်မနေ့ကိစ္စကိုရင်ထဲထိတ်နေပေမဲ့မောင်ဘာမှမဖြစ်ဖို့သာကြိတ်ဆုတောင်းနေရတော့သည်။
တက္ကသိုလ် စဝင်လိုက်ပြီဆိုတာနဲ့လူတွေလည်းရုပ်ရပ်ခတ်လာတော့သည်။
Eမေဂျာကကျောင်းသူကျောင်းသားတွေရဲ့အမှတ်စာရင်းကြောင့်ပေါ့။
ထောင်ထားတဲ့အမှတ်စာရင်းဘုတ်တောင်ပြုတ်မထွက်ရင်ကံကောင်းလှပါပြီ။
ဒီလိုနဲ့ဘဲ နှင်းဆီမောင်အခန်းထဲသုတ်သုတ်လေးဝင်ချလာတော့သည်။
သူအတန်းထဲရောက်ရောက်ချင်းမျက်ခြယ်မှာသူ့မျက်နှာကိုကြည့်ရင်းအကဲခတ်နေတော့သည်။
နှင်းဆီမောင်ဘေးလွယ်အိတ်လေးကိုခုံပေါ်တင်လိုက်ပြီး နှင်းမျက်ခြယ်ကိုကြည့်ရင်း...

''ငါမောင့်ကိုလွမ်းတယ်..''

''နင်ကလည်းဟယ် ..သူလည်းအကြောင်းရှိလို့နေမှာပေါ့ စိတ်မပူစမ်းပါနဲ့ ''

''နင်မသိပါဘူးမျက်ခြယ်ရယ်..ငါချစ်တတ်လာတဲ့လူက မောင်ဖြစ်နေတယ်။ငါလေ မောင့်ကိုဘယ်လိုနည်းနဲ့မှအဆုံးရှုံးမခံနိုင်ဘူး
မောင်သာငါ့ကိုထားသွားခဲ့ရင်ငါသေ သွားနိုင်တယ်မျက်ခြယ် ငါသေသွားနိုင်တယ် ''

မောင်သည်သာ (Completed)Where stories live. Discover now