Part24 U/Z

76 1 0
                                    

''အား....ခေါင်းကအရမ်းနာတယ်..''

ထူးမြတ်သာတ​စ်ယောက် ခေါင်းနာနေတဲ့အရှိန်ကြောင့်နှိုးလာခဲ့သည်။ သူခေါင်းကိုကိုင်လို့ဖြေးဖြေးချင်းထရင်းဘေးပတ်လည်ကိုလိုက်ကြည့်နေမိသည်။ သူကြည့်နေရင်းသတိထားမိသည်ကထောင်ဖြစ်နေသည်။
သူထောင်တံခါးကိုလှုပ်ပြီးဖွင့်ပေမဲ့လည်းအချည်နှီးပင်။ သူဘယ်လိုဖြစ်ပြီးထောင်ထဲရောက်နေမှန်းလည်းမသိတော့ပါ။ လူကစိတ်နဲ့ကိုယ်နဲ့မကပ်ဖြစ်နေသည်။

''လူလေးအားကုန်တာဘဲအဖက်တင်တယ်.. ''

''ကျွန်တော်ဘယ်လိုလုပ်ပြီးထောင်ထဲရောက်နေတာလဲ.ကျွန်တော်မသိတော့ဘူး..''

''အင်းဦးလေးလည်းမသိပါဘူးကွယ်..ဒါနဲ့မင်းကခိုးမှုနဲ့ထောင်ကျတာလို့ပြောတယ်..''

''ဗျာ့..!! ''

ထူးမြတ်သာကြားပြီးချင်းသူ့နားသူမယုံနိုင်ဖြစ်နေသည်။ သူကဘာပစ္စည်းခိုးမှုကြောင့်ထောင်ကျရတာလဲ။ သူဝေခွဲမရတော့ပါ။ သူစိတ်ထဲဝင်လာသူက နှင်းဆီမောင်ပင်။သူကိုတုတ်နဲ့ရိုက်လိုက်ထဲက နှင်းဆီကိုလူတွေကဖမ်းသွားကြသည်။သူကယ်ဖို့မရတဲ့အပြင်၊သူကပါထောင်ထဲရောက်နေသည်။

''နှင်းဆီမောင်ကိုသိလားခင်ဗျာ့..''

ထူးမြတ်သာသူနဲ့အတူထောင်ကျနေတဲ့လူတွေကိုမေးကြည့်မိသည်။ ထိုလူတွေထဲကတော့နှင်းဆီကိုသိသင့်သူကသိမည်။
သူပြောလာမဲ့စကားကိုသေချာနားစွင့်နေမိသည်။ထိုအချိန် သံလုံးထောင့်နားမှာငြိမ်ရင်းအိပ်နေသူက..

''ငါသိတယ်..သူကရတနာသူဌေးဦးမောင်မောင်ဦးရဲ့သားနှင်းဆီမောင်မလား..''

''ဟုတ်ပါတယ်..ဦးလေးကသိနေတာလား ''

''သိတာပေါ့ငါကသူ့အိမ်မှာအလုပ်လုပ်တဲ့အလုပ်သမားဖြစ်ခဲ့ဘူးတယ်..တနေ့ကြတော့ ငါ့ကိုပေါ့ဆမှုကြောင့်ဆိုရင်းအလုပ်ဖြုတ်တယ်.ငါလည်းမိသားစုဝမ်းစာတွက် ကူကယ်ရာမဲ့နေလို့ပစ္စည်းခိုးဖို့ငါလုပ်ခဲ့တယ်..ငါလည်းမိလို့ထောင်ထဲရောက်လာတယ်ဆိုရမှာပေါ့..။ ''

''ဦးကြီးအကြောင်းကလည်းစိတ်မကောင်းစရာဘဲ..ဒါနဲ့ကျွန်တော်ဘယ်လောက်ထောင်ထဲနေရမှာလဲ..''

မောင်သည်သာ (Completed)Where stories live. Discover now