Part29 U/Z

69 2 0
                                    

''နှင်းဆီမောင်..!! ခင်ဗျားအပြင်ထွက်လာခဲ့.... !! ''

''ချုန်း..!! ချုန်း!! ''(မိုးချိန်းသံ)

ထူးမြတ်သာအလုပ်ကဆင်းပြီးချင်းနှင်းဆီမောင်ရဲ့အိမ်ရှေ့ကိုရောက်လာခဲ့သည်။ သူအော်ခေါ်နေပေမဲ့လည်းထွက်မလာခဲ့ပါ။ အပြန်လမ်းမှာမိုးတွေသည်းထန်စွာရွာပြီးလျှပ်စီးတွေလက်သည်။ သူတယောက်ထဲခြံဝင်းရှေ့မှာရပ်နေခဲ့တော့သည်။ နှင်းဆီမောင်အသံကြားရာဆီလှည့်ကြည့်တော့ခြံအပြင်ဘက်မှာရပ်နေတဲ့မောင့်ကိုတွေ့လိုက်ရသည်။ ထိုပုံစံကသူ့နှလုံးသားကိုဓားနဲ့အစိမ်းလိုက်ထိုးသွင်းသလိုခံစားရသည်။အလျင်အမြန်ဆင်းလာကာခြံရှေ့တံခါးကိုတွန်းဖွင့်လိုက်တော့သည်။ မောင့်ဆီပြေးသွားလိုက်ကာဖက်ချင်ပေမဲ့ မောင်ကသူ့ကိုသူစိမ်းဆန်စွာကြည့်နေတာကိုလည်းသူမခံစားနိုင်ပါ။

''ခင်ဗျား...ဘာလို့ကျွန်တော့်ကိုဆက်ပြီးနှောင့်ယှက်နေတာလဲဗျာ့..!! ။ကျွန်တော်ကိုရူးသွားစေချင်တာလား...။ မဟုတ်ရင်လည်း.ရော့....''

နောက်ဆက်တွဲစကားမဆုံးခင် လက်ထဲကဓားကိုကျွန်တော့်ဆီကမ်းပေးလာသည်။ အေးစက်နေတဲ့မျက်ဝန်းသေတွေကသေရာလမ်းကိုရွေးချယ်ဖို့အဆင်သင့်ရှိနေပုံရသည်။ နှင်းဆီမောင်ကြောက်အားလန့်အားဖြင့်ထူးမြတ်သာလက်ထဲကဓားကိုယူကာ လွင့်ပစ်လိုက်တော့သည်။

''ဟင့်အင်း.....!! မောင့်ဒီလိုလုပ်လို့မရဘူး..မောင်ကိုကျွန်တော်ကဘာလို့သတ်ရမှာလဲ။ မသတ်ရက်ဘူးမောင်..''

''ခင်ဗျား.ကျွန်တော့်ကိုသတ်လိုက်သင့်တယ်..ကျွန်တော်အသက်မရှင်ချင်တော့ဘူး..ခင်ဗျားရဲ့အပြောတွေ၊အပြုံးအောက်မှာကျွန်တော်အလှဲလှဲအပြိုပြိုနစ်မွန်းခဲ့ပြီးပြီလေ။ ဒါတောင်မကျေနပ်သေးလို့ ကျွန်တော့်ကိုပြန်ဆွဲခေါ်ချင်နေသေးတာလား..!! ပြောပါအုံး..အင့်..ခင်ဗျား..ကို..ဟင့်ကျွန်တော်...မုန်း...''

''မောင့်...! ''

အဲ့အချိန်ခဏအတွင်းမှာမောင်သတိလစ်သွားတော့သည်။ မောင့်နှုတ်ဖျားကစကားအလိုအကြဆိုမောင်က ကျွန်တော့်ကိုမချစ်တော့ဘူးလို့ထင်သည်။ ကျွန်တော်သည်အကြောင်းတွေကိုမစဥ်းစားတော့ဘဲအိမ်ထဲကလူတွေကိုခေါ်ကာမောင့်ကိုတွဲသွားတော့သည်။ မိသားစုဆရာဝန်နဲ့စစ်ဆေးပြီးသည်အထိ ကျွန်တော်မောင့်အခန်းထဲကိုမဝင်ခဲ့ပါ။ ဆရာဝန်နဲ့ဦးထွန်းအောင်စကားပြောပြီးသွားသည်အထိ ကျွန်တော်အပြင်ဘက်ကိုရပ်ကြည့်နေမိသည်။

မောင်သည်သာ (Completed)Where stories live. Discover now