Part21 U/Z

70 1 0
                                    

''ဒါဘာသဘောလဲ ထူးမြတ်သာ..... !!! ''

ထမင်းစားခန်းထဲကအမေ့အသံကပိုမိုကျယ်လာတော့သည်။ ထူးမြတ်သာစားလက်စထမင်းကိုချကာ အမေ့ရဲ့မျက်နှာကိုကြည့်ရင်း..

''ကျွန်တော်တောင်းပန်ပါတယ် အမေ...''

''နင်ဘာလို့ပထမစမ်းတောင်ကျရတာလဲ ထူးမြတ်သာ... နင့်စိတ်တွေဘယ်ရောက်နေတာလဲ ပြောစမ်း..နင်ဒီfirst yearsကိုကျနေရင်first secondyearsကိုဘယ်လိုတက်မှာလဲ....!!! ''

ထူးမြတ်သာ ခေါင်းကိုသာငုံထားမိသည်။သူလည်းစာထဲသိပ်စိတ်မဝင်စားမိတာအမှန်ပါ။ နှင်းဆီနဲ့အမေ့ပြသာနာကစပြီးသူ့ပထမစာမေးပွဲကိုကျသည်။ ဆရာမကအမှတ်စာရင်းတွေပေးတော့လည်း စာမေးပွဲကျသည့်ဆိုတဲ့စကားကြောင့် သူ့သူငယ်ချင်းတွေကသူ့ကိုမယုံနိုင်စွာဖြစ်နေသည်။ခုအိမ်ပြန်ရောက်ရောက်ချင်း အမေ့ကိုအမှတ်စာရင်းပြတော့ဒေါသထွက်နေသည်။

''ကျွန်တော်နောက်တခါအောင်...အောင်လုပ်ပါ့မယ် ကတိပေးပါတယ်...''

''နင်..!! နင့်စိတ်တွေကဟိုကောင့်ဆီရောက်နေတာမလား..ပြောစမ်းထူးမြတ်သာ ''

''ဗျာ့..!! ''

ထူးမြတ်သာသူ့ကို သားတယောက်လိုမျိုးမဟုတ်ဘဲ နင်တွေနာမည်ရင်းတွေခေါ်မှုကြောင့်သူတကယ်ထိန့်လန့်သွားသည်။ အမေကသူ့ကိုတကယ်ကြီးမုန်းသွားတာလား။ ညီမလေးကလဲအမေ့ကိုတားရင်းကျွန်တော့်ဆီလျှောက်လာပြီးရိုက်တော့သည်။

''ဘုန်း..!! ကိုကြီးကြောင့် အရာအားလုံးကိုကြီးကြောင့် ''

''သမီးတော်တော့..သမီးအကိုက​ပြောလည်းနားမလည်တော့ဘူး..''

ဒေါ်ပန်းရီဒီတခါသူ့မသားကိုတကယ်စိတ်ပျက်သွားသည်။ အရင်ကပျော်ရွှင်စရာမိသားစုလေးက ခုတော့ စိတ်ညစ်စရာတွေဘဲ ကြုံနေရသည်။ သူမမှာကလည်းရောဂါရှိနေတာကြောင့် ဆက်မပြောတော့ပါ။ သူမသမီးကိုခေါ်လာကာအခန်းထဲဝင်သွားတော့သည်။ ထူးမြတ်သာကတော့အပြင်မှာအရူးတယောက်ပမာ ရပ်နေတော့သည်။
ထူးမြတ်သာအိမ်မှာမနေချင်တာနဲ့ မင်းမြတ်သူနဲ့ဇေယျာနေတဲ့နေရာဆီစက်ဘီးဖြင့်လာခဲ့တော့သည်။ သူတို့နှစ်ယောက်ကခုစျေးချိုမရောက်တရောက်နားမှာနေတာကြောင့် သူအတော်ဖြစ်သွားသည်။

မောင်သည်သာ (Completed)Where stories live. Discover now