1 부

1K 48 1
                                    

မှောင်မိုက်နေတဲ့ ကောင်းကင်ယံဟာ သမုဒ္ဒရာ တစ်စင်းနဲ့ ထူးမခြားနား။ သို့သော် ကောင်းကင်၌ တည်ရှိနေတဲ့ တစ်လက်လက် တောက်ပနေတဲ့ ကြယ်လေးတွေဟာ မြေပြင်က မင်းသားတစ်ပါးအား ပြုံးပြလျက်ရှိ၏။

နွေရာသီ ငါးလပိုင်းအလည်။ မပူမအေး ရာသီဥတုအနေအထားဟာ မကြာခင်ကျရောက်တော့မဲ့ မိုးရာသီကို ဖော်ပြနေသလိုမျိုး ၊ ညချမ်းဟာ ခပ်စိမ့်စိမ့် ရှိ၏။

မြင့်မြတ်လှတဲ့ Chung Ae တိုင်းပြည်အတွင်းရှိ မင်းမျိုးမင်းနွယ်ရဲ့ မြစ်ဘေးနားတည်ရှိ‌နေတဲ့ ကျယ်ပြန့်လှတဲ့စံအိမ်တော် ဝန်းတွင် မင်းသားလေးတစ်ပါးဟာ မှောင်မဲနေတဲ့ ကောင်းကင်အား ငေးမောကြည့်နေမိသည်။

" အရှင်လေး.. "

ဩဇာအာဏာ ကြီးမားလွန်းတဲ့ ထိုအသုံးအနှုံးကို သုံးလိုက်တဲ့ အထိန်းတော်ရဲ့ ခေါင်းဟာ အောက်သို့ ငုံ့လျက်သား။

" အရှင်လေး အရှင်မင်းကြီးက လာတွေ့ဖို့ အမိန့်ပေးလိုက်ပါတယ် "

ထိုကောင်လေးသည် ခေါင်းတစ်ချက်ညှိမ့်ကာ နန်းတော်အတွင်းသို့ ‌ရှည်လျားလှတဲ့ ခြေတံတွေနဲ့ ဝင်သွားလေရဲ့။

အညိုရောင်တွေနဲ့ ဆင်ယင်ထားတဲ့ နန်းဆောင်ရှေ့တွင် ခနရပ်ကာ သက်ပြင်းအား ချလိုက်၏။

" ခမည်းတော်... "

ဩရှရှ အသံနက်သည် နန်းဆောင်အတွင်းသို့ ပျံ့နှံ့သွားသည်။ ကုတင်၌ လဲလျောင်းနေတဲ့ Chung Aeတိုင်းပြည်ရဲ့ ဘုရင်၊ တစ်နည်းအားဖြင့်ထို ထီးနန်း ဆက်ခံသူရဲ့ ဖခမည်းတော်။

" သားတော်.. "

တုန်ရီနေတဲ့ အရှင့်ရဲ့အသံအား ထိုကောင်လေးက တိတ်ဆိတ်စွာ နားထောင်လိုက်သည်။

" ငါကိုယ်တော်ရဲ့ ကျန်းမာရေးက‌လဲ တစ်နေ့ရွှေ တစ်နေ့ငွေကိုး..မဟုတ်လား မူရာ.. ငါကိုယ်တော် မသေခင်အတွင်းမှာ မင်းကို အောက်ဘက် တိုင်းပြည်ကို သိမ်းပိုက်စေချင်တယ် "

အောက်ဘက်တိုင်းပြည်ဆိုတာ Mura မျိုးနွယ်တွေ သိမ်းပိုက်ဖို့ ကျန်နေတဲ့ တစ်ခုတည်းသော တိုင်းပြည်တစ်ခု၊ တစ်နည်းအားဖြင့် ပြောရရင် 

𝗧𝗵𝗲 𝗦𝗼𝘂𝗻𝗱𝘀 𝗼𝗳 𝗛𝗲𝗮𝗿𝘁𝗯𝗲𝗮𝘁 | 𝗛𝗼𝗼𝗻𝗸𝗶✓Where stories live. Discover now