2 부

399 40 0
                                    

မနက်ခင်းရဲ့ နေရောင်ဟာ ခပ်တောက်တောက်။ နန်းတော်အတွင်း ‌စစ်မြေပြင်အား ချီတက်ရန် ပြင်နေကြတဲ့ စစ်သည်တော်တွေဟာ တစ်ချက်လေးမှတောင် ညီးညူဟန်မပေါ်။

စစ်သည် သုံးသိန်း ၊ အလံကိုင် 16ယောက်နှင့်အတူ စားနပ်ရိက္ခာ လှည်း ၊ လက်နက်လှည်းတို့ကို ကြည့်ယုံနှင့်တင် အိမ်ရှေ့စံ နှစ်ဦး မည်သို့ပင် ပြင်ဆင်ထားမှန်း ပေါ်လွင်လှသည်။

အိမ်ရှေ့စံ မူရာဟာ အနက်ရောင် ဝတ်ရုံတော်အား ဝတ်ဆင်လျက် ခါး၌ တင်းနေအောင် ပတ်ထားသည့် ခါးပတ်အပြားကြီးကြီး ၊ ထို့နောက် လက်တွင် တပ်ဆင်ထားတဲ့ သံခြပ်ကာတွေဟာ ရန်သူလာရင် ခုခံရန် သစ္စာစောင့်သည့် ခွေးလို။

ထို့နောက် ကျောလည်အထိရှည်လျားလှတဲ့ ဆံနွယ်တွေအား တစ်ဝက် ခွဲစည်းထားသည်။ မြှားကျည်တောက်အား လွယ်ရင်း ခါး၌ ချိတ်ထားသည့် ကျားသစ်ပုံစံထွင်းထားသော ဓားရှည်ဟာလဲ ပိုင်ရှင်အတိုင်းမာန်ချီလျက်။

အိမ်ရှေ့စံ ဟီးဆွန်းသည်လဲ မူရာ့အတိုင်း ဝတ်ဆင်ထားကာ နှဖူးတွင်တော့ အနီရောင်
နှဖူးစည်းအား ဝတ်ဆင်ထား၏။

ထို့နောက်တွင်တော့ အိမ်ရှေ့စံနှစ်ပါးဟာ စီးတော်မြင်းပေါ် ကိုယ်ဆီတက်ရင်း..။

" အားလုံးပဲ! အသင့်ပဲလား! "

" အသင့်ပါပဲ အရှင့်သား!! "

ဟီးဆွန်းရဲ့ အောင်လှတဲ့ အသံနောက်တွင်တော့ ဟိန်းခနဲ ထွက်လာတဲ့ စစ်သည် သုံးသိန်း၏ အသံ။

" ထွေထွေထူးထူးတော့ မပြောတော့ပါဘူး ၊ မှတ်ထားပါ မသေစေနဲ့ မင်းတို့တွေမှာ မင်းတို့ မိသားစုတွေ ရှိသေးတယ် ဟုတ်ပြီလား "

စစ်သည်သုံးသိန်းဆီက 'အမိန့်အတိုင်းပါ!'ဆိုသည့် အသံပြိုင်ထွက်ပေါ်ပြီးနောက်တွင်တော့ မြင်းခွာသံတွေနဲ့ စစ်မြေပြင်သို့ ချီတက်သွားကြ၏ ၊ တိုင်းသူပြည်သားတွေရဲ့ ချီးကျူးသံတွေ
'အိမ်ရှေ့စံနှစ်ပါးကျန်းမာပါစေ' ဆိုသည့် ဆုတောင်းသံတွေဟာ မူရာနှင့် ဟီးဆွန်း၏ တည်လှပါတယ် ဆိုတဲ့ ရုပ်အား မထိန်းနိုင်သည်အထိ ပြုံးမိသည်။

အရယ်အပြုံးနည်းလှတဲ့ မူရာနဲ့ ဟီးဆွန်းကြောင့် ပျိုမဒီလေးတွေဟာ ပြောလို့ မဆုံး။

𝗧𝗵𝗲 𝗦𝗼𝘂𝗻𝗱𝘀 𝗼𝗳 𝗛𝗲𝗮𝗿𝘁𝗯𝗲𝗮𝘁 | 𝗛𝗼𝗼𝗻𝗸𝗶✓Where stories live. Discover now