5 부

360 38 1
                                    

သစ်သား တံတားလေးအား ခြေချရင်း မူရာက အရှေ့က ဦးဆောင်ကာ ခေါ်သွားသည်၊ သူတို့အခုသွားနေတာ တောအုပ်အလည် စိမ်းလမ်းစိုပြေနေတဲ့တောအုပ်ရဲ့အလည်တစ်နေရာဆီသို့။ တကျီကျီအော်နေတဲ့ ငှက်သံလေးတွေဟာ တောအုပ်ကို အလှဆင်ပေးနေသလို။

မိုးရာသီသို့ ရောက်နေပြီဖြစ်တာကြောင့် စိုထိုင်းထိုင်း‌ဖြစ်နေတဲ့ ပထဝီမြေကြီးဟာ ရွံ‌မြေသဏ္ဍာန်ရှိသောကြောင့် ဆောင်းဟွန်း သူ၏ ဝတ်ရုံကိုမကာ မူရာ့အနောက်ကို လိုက်ရသည်။

" စောင့်အုံး မူရာ! "

သူ့နောက်ကို ပြေးလိုက်လာတဲ့ ဆောင်းဟွန်းကို မူရာပြုံးလျက် ကြည့်နေမိသည်။

အနည်းငယ် လမ်းလျှောက်ပြီးတဲ့အချိန်မှာတော့ ရောက်ရှိခဲ့တဲ့ စိမ်းလဲ့လဲ့ ရေကန်လေးတစ်ခုရဲ့တည်နေရာ ရောင်စုံဖူးပွင့်နေတဲ့ ပန်းလေးတွေရဲ့ အလည်မှာ လှပစွာတည်ရှိနေတဲ့ ရေကန်တစ်ခု။ သီးခြားဖြစ်တည်နေတဲ့ အရာတစ်ခုလိုမျိုး။

" ဒါက ကျွန်တော်စိတ်တွေရှုပ်ထွေးတိုင်း လာနေကြနေ‌ရာ "

နွယ်တွေနဲ့ တည်ဆောက်ထားတဲ့ ဒန်းလေးလဲရှိပြီး လှပတာထက် ပိုသည့် သုခဘုံလို။

အမြင့်ကနေ မြင်ရတဲ့ ရေကန်ကြီးဟာ ပြာလဲ့နေပြီး ဘေးပတ်ပတ်လည်၌ ရောင်စုံပန်းများ ဖုံးပွင့်နေတာကြောင့် နကိုလှသည်ဆိုတဲ့ ရေကန်ဟာ အဆမတန်လှပနေ၏။

" မင်းသားပတ်ခ် စိတ်ကျေနပ်ရဲ့လားခင်မျာ "

အခုတလော မူရာက ဆောင်းဟွန်းကို အရင်တုန်းကလို 'ဆောင်းဟွန်း' လို့မခေါ်တော့ပဲ 'မင်းသားပတ်ခ် ၊ ဟွန်း‌လေး' စသဖြင့်ခေါ်လေ့ရှိတယ်။ တစ်ခါတစ်လေ 'ဟွန်း' လို့လဲ အဖျားစွတ်ခေါ်သေးတယ်။

အဲ့လိုခေါ်တိုင်း ဆောင်းဟွန်းရဲ့မျက်နှာက လှပစွာ ပြုံးရယ်တတ်လို့လေ။ ဆောင်းဟွန်းရဲ့ အပြုံးက စိန်ထက်ရှားတယ်၊ ပြီးတော့ စိန်ထက်လဲ အဖိုးတန်တယ်။ ဆိုတော့ မူရာက စိန်တစ်လုံးလို တန်ဖိုးထားရမည်မဟုတ်ပါသလား။

" လှလိုက်တာ "

" ကြိုက်တယ်ဆိုရင် ဒီနေရာကိုအချိန်တိုင်းလာလို့ရတယ် ဒီနေရာက ကျွန်တော်တစ်ယောက်ထဲ ပိုင်တဲ့နေရာ ဟွန်းကြိုက်ရင်အချိန်မရွေးလာလို့ရတယ် "

𝗧𝗵𝗲 𝗦𝗼𝘂𝗻𝗱𝘀 𝗼𝗳 𝗛𝗲𝗮𝗿𝘁𝗯𝗲𝗮𝘁 | 𝗛𝗼𝗼𝗻𝗸𝗶✓Where stories live. Discover now