8 부

289 39 0
                                    

Chung Ae နိုင်ငံရဲ့ အထွတ်အမြတ်ထားရတဲ့ နေ့တစ်နေ့ဆိုလဲ မမှား ၊ ဒီနေ့ဟာ အရှင်မင်းမြတ်ရဲ့ မွေးနေ့တော်မဂ်လာပင် ဖြစ်သည်။

တစ်တိုင်းပြည်လုံးဟာ အရှင်မင်းမြတ် ကျန်းမာရေးအတွက် ၊ သက်တော်ရာကျော် ရှည်စေဖို့အတွက် အမျိုးမျိုး ဆု‌တောင်းမှုများ ပြုလုပ်နေရ၏။

နန်းတော်ကြီးဟာ အရင်နေ့တွေကနဲ့မတူ တမူထူးခြားစွာ အလုပ်ရှုပ်နေကြ၏ ၊ ရံရွေတော်တွေရဲ့ ခြေခြင်းလိမ်မတတ် လျှောက်နေရတဲ့ ခြေထောက်တွေ ၊ နန်းတော်အတွင်း အလှဆင်ထားတဲ့ ပစ္စည်းတွေနဲ့ တင့်တည်လှပေသည်။

ဆောင်းဟွန်း သည်လဲ ထိုလူတွေထဲကတစ်ယောက်ပင်ဖြစ်သည်။ ည၌ ကျင်းပမည့် ပွဲ၌ သူဟာ အထူးဧည့်သည်တွေကို ဖျော်ဖြေပေးရမည်။ နောက်ပြီး အမှားတစ်စုံတစ်ရာ ပါသွားခဲ့ရင် အပြစ်ပြောခံရမှာ မူရာပင် ၊ သူမူရာ့ကို မျက်နှာမပျက်စေလိုပါ။

" ကျစ်! ခက်လိုက်ကွာ "

ငယ်ငယ်ထဲက ကျင့်လာတဲ့ အကဆိုပင်မဲ့ အသက်ရွယ်ကြောင့် သူမှာ ပြန်ကရဖို့ ခက်ခဲနေလေသည်။

" ဟွန်း.. "

ထုံးစံတိုင်း ခွင့်ပြုချက်မယူပဲ နန်းဆောင်တံခါးကို ဆွဲဖွင့်ကာ ဝင်လာတဲ့ မူရာ။ အရင်နေ့တွေကထက် ရွှင်လန်းနေတဲ့ မူရာဟာ ဝတ်ရုံတော် အပြာရင့်လေးအား ဝတ်ဆင်ထား၏။ ခါး၌ ရွှေခါးပတ်ပြားကြီးကြီး တစ်ခု ၊ ရှည်လျားသည့် ဆံနွယ်တွေအား အပေါ်၌ စုထုံးလျက် ရိုးရာဦးထုပ်ဆောင်းထား၏။

အိမ်ရှေ့စံ တစ်ပါးနှင့် ကိုက်ညီသည်ထက်ကို ပိုသည့် အပြင်အဆင်။

" အဆင်သင့်ပဲလား ဟွန်း "

" မဖြစ်သေးဘူးမူရာ ငါလုံးဝ မလှဘူးဖြစ်နေတယ်!! "

သူ့ကိုယ်သူ မ‌ကျေနပ်စွာ ပြောလာရင်း ခြေစောင့်လာသည့် ဆောင်းဟွန်း။

" စိတ်လှုပ်ရှားလို့ နေမှာပါ ဟွန်းရဲ့ ‌တီးလုံးလဲမပါပဲ ဘယ်လို‌လေ့ကျင့်မလဲ "

" ဟုတ်သား! "

မူရာ ဆောင်းဟွန်းလက်ကို ဆွဲပြီး ခေါ်ဆောင်လာသည့် နေရာမှာ သူ့ရဲ့နန်းဆောင်ဖြစ်သည်။ နန်းဆောင်အတွင်း၌ ရှိသည့် ဒုံမင်းတူရိယာအား ပေါင်ပေါ်တင်ရင်း စတင်တီးခတ်ရန် ပြင်လိုက်သည်။

𝗧𝗵𝗲 𝗦𝗼𝘂𝗻𝗱𝘀 𝗼𝗳 𝗛𝗲𝗮𝗿𝘁𝗯𝗲𝗮𝘁 | 𝗛𝗼𝗼𝗻𝗸𝗶✓Where stories live. Discover now