7 부

317 37 4
                                    

နတ်ဘုံအမျှ လှပလွန်းတဲ့ နေရာသို့ ဒုတိယံပိ မူရာနှင့်အတူ ရောက်ခဲ့သည်။ တကျီကျီ အော်ကာ တေးသံများကို ဖန်တီးနေတဲ့ ငှက်ကလေးတွေရယ် ၊ ကန်အတွင်း ဟိုနားတစ်ပွင့် ဒီနားတစ်ပွင့် ပေါက်နေကြတဲ့ ပဒုမ္မာကြာပန်း များနှင့်အတူ ဒန်းလေးပေါ်တွင် နှစ်ယောက်အတူ ထိုင်ရင်း ရောက်မိရောက်ရာ စကားများကို ပြောနေမိသည်။

ပဒုမ္မာ တစ်ပွင့်လို နှုတ်ခမ်းနဲ့ အသားရည်ကို ပိုင်ဆိုင်ထားတဲ့ ဟွန်းကို ပဒုမ္မာတစ်ပွင့်နဲ့ တင်စားဖို့ မေ့လျော့နေခဲ့တဲ့ သူ့ရဲ့ အချိန်အချို့ကို နှမြောမိပါတယ်။

ကျောလည်လောက်ရှိတဲ့ ဆံနွယ်အချို့ကို တစ်ဝက်ခွဲစည်းထားပြီး ထိုဆံသားများကို ကန့်လန့်ဖြတ် ထိုးဖောက်ထားတဲ့ ကျောက်များစည်ချယ်ထားတဲ့ ဆံထိုးတစ်ခု။ အပြာရင့်ရောင် ဝတ်ရုံတော်ရဲ့ အောက်တွင် ဆင်စွယ်ရောင် ဝတ်ရုံအခံအား ဝတ်ဆင်လျက် ခါးပတ်ပြားကြီးကြီးကို တစ်ဆက်ထဲ ဝတ်ဆင်ထား၏။

အိုကွယ်..။

ခန့်ညားလှပေသည်။

" ဟွန်း.. ချစ်တယ်နော် "

" အွန်း ငါသိတယ် "

ဟွန်းက သိပ်လည်သည် ၊ စကားတစ်ခွန်းကို ဘယ်လို ပညာသားပါပါ တုန့်ပြန်ရမလဲဆိုတာ သိသည်။

" မူရာ.. မင်းငါ့အကြောင်း သိချင်တာရှိရင် မေးလို့ရတယ်နော် "

ဟွန်းဘက်က တစ်ထစ်လျော့သည်မို့ မူရာသည်လဲ စကားစရန် ဟန်ပြင်လိုက်သည်။

" ဟွန်းက သွေးစုတ်ဖုတ်ကောင် တစ်ဝက် ၊ ဝံပုလွေ တစ်ဝက်မဟုတ်လား ဟွန်းကြတော့ ဘာလို့ နေပူထဲ ထွက်လို့ရလဲ "

" ငါက တမူထူးခြားတယ် သွေးစုတ်ဖုတ်ကောင် တွေထဲမှာ ငါက ကံအကောင်းဆုံးလို့ ပြောရမလား လပြည့်နေ့တွေနဲ့ ငါ့ရဲ့မွေးနေ့တွေမှာ ဒါမှမဟုတ် တစ်နှစ်မှတစ်ခါ သွေးသောက်ထားရင် အသက်ရှင်နိုင်တယ် "

ဘန်ဂျမင် ဆိုတဲ့ ဒဏ္ဍာရီလာ သတ္တဝါဟာ သိပ်ကို အံ့ဩဖို့ကောင်းတဲ့ သတ္တဝါ နေပူထဲထွက်ရင်တောင် သာမန် လူတွေလို နေထိုင်နိုင်ပြီး ကြေးမှုံထပ်တောင် သူ့ရဲ့ ချောမောလှတဲ့ ပုံရိပ်ကို မြင်နိုင်သည်။

𝗧𝗵𝗲 𝗦𝗼𝘂𝗻𝗱𝘀 𝗼𝗳 𝗛𝗲𝗮𝗿𝘁𝗯𝗲𝗮𝘁 | 𝗛𝗼𝗼𝗻𝗸𝗶✓Where stories live. Discover now