9 부

283 35 1
                                    

မူရာ့ရဲ့ နိဗ္ဗာန်ဘုံအစား ယခုဦးတည်ခဲ့သည်က ဆောင်းဟွန်းရဲ့ ဆန်မြန်းခဲ့ရာ နန်းဆောင်ကြီးသို့။ တော်တော်ကြာကြာ မြင်းဖြင့် ခရီးနှင်ခဲ့ပြီးသည်မှာ‌တော့ ဆောင်းဟွန်းနဲ့ မူရာတို့ ထိုတိုင်းပြည် ပျက်သို့ သူတို့ရောက်ခဲ့သည်။

မီးလောင်ပြာများဖြင့် ဖုံးအုပ်ခြင်း ခံထားရတဲ့ ဟွားရန်းတိုင်းပြည်ရဲ့ လေဟာ သွေးညှီနံ့အချို့ကိုလဲ သယ်ဆောင်လို့ နေပါသေးသည်။

မူရာခြေချတော့ စိမ်းသက်သက် အငွေ့အသက်ရ၏ မကျွတ်မလွတ်သေးတဲ့ စစ်သည်တွေ ပြည်သူတွေဟာ သူရောက်လာတာကို မနှစ်သက်ဖူးနှင့် တူပါရဲ့။

" မူရာ မင်းသိလား ဒီဆိုင်ကလေ ငါငယ်ငယ်တုန်းက အမြဲလာစားနေကျဆိုင်လေး "

ဆောင်းဟွန်း လက်ညိုးသွယ်သွယ်တွေရဲ့ ညွှန်ရာ၌ ‌မီးလောင်ပြာကျနေတဲ့ ခေါက်ဆွဲဆိုင်လေးလို့ ထင်ရတဲ့ ဆိုင်လေး။

" နောက်ပြီး ဒီဟာလေးက လူငယ်တွေအကြိုက် စာအုပ်ဆိုင်လေး "

ကြမ်းပြင်၌ ပလဲနေတဲ့ စာအုပ်အချို့ဟာ လေတိုက်မှုကြောင့် စက္ကူတွေဟာ ယိမ်းနွဲ့လျက်။ ကျဆုံးသွားတဲ့ စစ်သည်တွေနဲ့ ပြည်သူတွေရဲ့ ဝိဉာဉ်တွေသာ သူဒီကို ရောက်နေမှန်းသိရင် ကြိုက်ကျမည်တော့ မဟုတ်ချေ။

" နန်းတော်ထဲတော့ မင်းရောက်ဖူးလောက်မှာပါ ငါသေချာ လိုက်ပြမယ် "

ပထဝီမြေကြီး၌ မီးလောင်ပြာတွေ သွေးကွက်တွေနဲ့ သစ်သားချောင်းတွေဟာ ပျံ့နှံ့လျက်။ အောင်မြင်ဖို့ တစ်ခုတည်းနဲ့ လောဘ အတ္တ လိုဘ တွေကို ရှေ့တန်းတင်ခဲ့မိတာမြင်တော့ မူရာ သူ့ကိုယ်သူ ရှက်မိပါသည်။

မူရာ့ရဲ့ လက်ကောက်ဝတ်အား ‌ဆွဲကာနန်းတော်သို့ သူတို့ ဦးတည်ခဲ့သည်။ နကိုအတိုင်း တည်ရှိနေတဲ့ နန်းတော်ဟာ လူသူမရှိတာကလွဲရင် အားလုံးအဆင်ပြေပါတယ်။

ဆောင်းဟွန်းရဲ့ ခြေချရာနေရာဟာ နန်းတော်ရဲ့ အဓိကနေရာဖြစ်တဲ့ အရှင်မင်းမြတ်ရဲ့ ဆံမြန်းရာ ပုလ္လင်ရှိတဲ့ နေရာ။

" ဒီပုလ္လင်ရဲ့ အဓိပ္ပာယ်ကိုမင်းနားလည်လား "

ခြင်္သေ့ ၊ ဒေါင်း နှင့် သိမ်းငှက်တို့အား အသားပေးပြင်ဆင်ထားတဲ့ ပုလ္လင်ဟာ မြင့်မြတ်မှုအား ပြသလျက်။ သို့ပင်မဲ့ ဒီပုလ္လင်ရဲ့ အဓိပ္ပာယ်ကိုတော့ မူရာ နားမလည်ပင်။

𝗧𝗵𝗲 𝗦𝗼𝘂𝗻𝗱𝘀 𝗼𝗳 𝗛𝗲𝗮𝗿𝘁𝗯𝗲𝗮𝘁 | 𝗛𝗼𝗼𝗻𝗸𝗶✓Where stories live. Discover now