တစ်နေ့သော မနက်ခင်းတွင် ဆောင်းဟွန်း နာကျင်မှု များစွာဖြင့် နိုးထလာခဲ့ရသည်။ ဝမ်းဗိုက်၌ နာကျင်မှုဟာတော့ အထင်ရှားဆုံးပင် အပေါ်ပိုင်းဗလာအနေအထားနဲ့ သူဟာ ဝမ်းဗိုက်၌ အဝတ်စဖြူဖြူ တစ်ခုကို ပတ်ဆင်ထားသည်။ ထူးဆန်းစွာပင် သူ့နန်းဆောင် ဟုမနေခဲ့။
ဒါဟာ ဆေးကုသဆောင် ၊ နောက်ပြီး သူ့ဘေးနားမှာ အိပ်ပျော်နေတဲ့ မူရာ။ လက်၌ သူ့ကဲ့သို့ အဖြူရောင် ပိတ်စအား ပတ်ဆင်ထားပြီးနောက် လက်တစ်ဖက်ကာလဲ ဆောင်းဟွန်းရဲ့ လက်ကို စုတ်ကိုင်ထားသည်။
သူ့အား အပျောက်မခံ။
" ဟွန်း.. သက်သာရဲ့လားဟင် "
နိုးခါစမို့ အက်ကွဲကွဲလေးဖြစ်နေတဲ့ အသံ ၊ ဘယ်လိုတောင် ချစ်စရာကောင်းလိုက်တာလဲကွယ် ဆောင်းဟွန်းခပ်ပြုံးပြုံးဖြင့် ခေါင်းညှိမ့်ပြလိုက်သည်။
" ဖျားနေလားဟင် "
နှဖူးပေါ်သို့ ကျရောက်လာတဲ့ လက်ဖြင့် ကိုယ်အပူချိန်အားတိုင်းတာသည်။ ဆောင်းဟွန်း ပြုံးရင်း ငြိမ်ခံနေရာမှ တစ်ခုခုကို သတိရသွားသည်။
ညက သူ့ကို မူရာရှာတွေ့ခဲ့တာလား ၊ မျက်နှာထက် စိုးရိမ်ရိပ်များဖြင့် မဲမှောင်လာတာကြောင့် မူရာဟာ စိတ်ပူစွာ လက်မောင်းနှစ်ဖက်အား လှုပ်ရမ်းရင်း မေးသည်။
" ဟွန်း ဘာဖြစ်လို့လဲ ကိုယ့်ကိုပြော "
" ငါ့ကို ဘယ်လိုရှာတွေ့ခဲ့တာလဲ "
စိုးရိမ်မှုများ ပြည့်နေသော လေသံဖြင့် မေးတော့ မူရာက ရယ်၏။ ထို့နောက် ရင်ခွင်ထဲ ထည့်ကာ တင်းတင်းကြပ်ကြပ် ဖက်ထားသည် ၊ တဒုတ်ဒုတ်ခုန်နေသည့် နှလုံးသားဟာ သီးခြားတည်ရှိနေသလိုမျိုး။
" မောင်တော် တောအုပ်ထဲ ခနသွားတုန်း သိပ်လှတဲ့ ဝံပုလွေတစ်ကောင်နဲ့ တွေ့ခဲ့တယ် ဟွန်းရဲ့ ၊ အပြာရင့်ရောင် အရောင်နဲ့ အဖြူရောထားတဲ့ အမွှေးနဲ့ ပင်လယ်လို ပြာလဲ့တဲ့ မျက်လုံးကို ပိုင်ဆိုင်ထားတယ် ဟွန်းရဲ့"
သူ့ရဲ့ ဝံပုလွေဟာ မည်မျှပင် လှပကြောင်း ဖွဲ့နွဲ့ကာ ပြောဆိုနေတဲ့ မူရာကြောင့် ဆောင်းဟွန်း မျက်နှာများ နီရဲလာသည်။
YOU ARE READING
𝗧𝗵𝗲 𝗦𝗼𝘂𝗻𝗱𝘀 𝗼𝗳 𝗛𝗲𝗮𝗿𝘁𝗯𝗲𝗮𝘁 | 𝗛𝗼𝗼𝗻𝗸𝗶✓
Fanfictionအိမ်ရှေ့စံ မူရာ့ရဲ့ နှလုံးခုန်သံက ဘယ်သူနဲ့မှ မတူဘူး သီးခြားတည်ရှိနေတဲ့ အရာလိုမျိုး။ ပဒုမ္မာ တစ်ပွင့်လို နှုတ်ခမ်းနဲ့ အသားရည်ကို ပိုင်ဆိုင်ထားတဲ့ ဟွန်းကို ပဒုမ္မာတစ်ပွင့်နဲ့ တင်စားဖို့ မေ့လျော့နေခဲ့တဲ့ မူရာ့ရဲ့ အချိန်အချို့ကို နှမြောမိပါတယ်။