13 부 ( 끝 )

483 41 0
                                    

တောက်ပနေသော နေရောင်သည် ဆောင်းဟွန်း၏ တိုက်ခန်းထဲသို့ ကျရောက်နေ၏။ စူး‌ရှသော နေရောင်သည် ဆောင်းဟွန်းဆီသို့ မကျရောက်နိုင်ခဲ့ပေ။ ကြားထဲမှာ ကြီးမားလှသော တံတိုင်းကြီးသည် စူးရှသည့် နေရောင်မကျရောက် စေရန် ကာကွယ်ပေး၏။

မျက်နှာနုနုအား လာရောက် ကွယ်နေသော ဆံနွယ်အနက်တို့အား အသာအယာဖယ်ရှားရင်း မြတ်နိုးစရာအတိ ကောင်းမွန်လှသော မျက်နှာအား သေချာကြည့်မိ၏။

ခန့်ညားပါပေသည်။

ချောမောပါပေသည်။

မြတ်နိုးမှု ၊ ဆွဲဆောင်မှု တို့ပြည့်နှယ့်နေသည့် ထိုလူသားသား အသည်းထဲမှာ နင့်နေအောင် ချစ်မိပါပေသည်။

" နိုးနေတာပဲ မောင် "

ဩရှရှ ထွက်ပေါ်လာတဲ့အသံနှင့်အတူ ဆောင်းဟွန်းသည်လဲ ကြောင်ဖြူလေးတစ်ကောင် အပျင်းကြောဆန့်နေသည်။

" အစောကြီးနိုးနေတာလား "

" မဟုတ်ပါ‌ဘူး ခုနလေးမှ ဟွန်းက လှလွန်းတော့ ဟွန်းအလှထဲမြောသွားတာ "

မောင်က ပိုကို ပိုလွန်းပါသည်။

အပြုံးတို့နှင့် ဆိုနေသော မောင်သည် နေရောင် ကျောခိုင်းထားတာတောင် ချောမောမှုက ပိုလို့နေသည်။ နီခီ့ ပါးသို့အုပ်ကိုင်ရင်း ဆောင်းဟွန်းဟာ အမြတ်တနိုး ကြည့်ရှု့၏။

အပေါ်ပိုင်းဗလာဖြင့် သူ့အားထွေးပိုက်ထားသော နီခီ့၏ ကိုယ်မှ နွေးထွေးမှုသည် ဘာနဲ့မှ မယှဉ်နိုင်။

" မောင် "

" ဟင် "

" အိမ်မက်ထဲကလိုမျိုး အဆုံးသတ်ကြီး ငါမုန်းတယ် "

" မောင်က အဲ့လိုအဖြစ်ခံမယ်လို့ မင်းထင်နေတာလား "

" ငါကြောက်တယ် မောင် ဒီလောကက အချစ်နဲ့ပတ်သတ်ရင် သိပ်ကို အလျော်အစားကြီးတယ် ပြီးတော့ ငါတို့က.. "

ဟွန်းကြောက်လန့်‌နေသည့်အရာက သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကို လိုက်လံဖျက်ဆီးမည့် toxic fan များနှင့် ent မှလူအချို့ ဆိုသည်ကို နီခီသိပါသည်။

" တော်ပြီ မတွေးနဲ့တော့ ဘာစားချင်လဲ မောင် လုပ်ကျွေးမယ် "

" တကယ်လား "

𝗧𝗵𝗲 𝗦𝗼𝘂𝗻𝗱𝘀 𝗼𝗳 𝗛𝗲𝗮𝗿𝘁𝗯𝗲𝗮𝘁 | 𝗛𝗼𝗼𝗻𝗸𝗶✓Where stories live. Discover now