10 부

249 32 0
                                    

Chung Ae နိုင်ငံ၏ နန်းတက်ပွဲသည် တိုင်းပြည်အတွင်းသည်မက အိမ်နီးချင်း တိုင်းပြည်များ ထိပါကူးစက် ကုန်ကြ၏။ ဘုရင် တစ်ပါး၏ ရှိသင့်ရှိထိုက်တဲ့ အရည်အချင်းတို့ နှင့်အညီ တိုင်းပြည်အား အုပ်ချုပ်သဖြင့် ပြည်သူပြည်သားတို့ဟာ ဝမ်းသာပျော်ရွှင်နေရ၏။

" အရှင်ဟီဆွန်းက တကယ့်ကိုဘုရားပေး တဲ့လက်ဆောင်ပဲ "

အဘိုးအိုတစ်ယောက်၏ တုန်ရီပြောလာသည့် အသံနောက် လက်ဝဲရံသခင်လေးဟာ အပြုံးနုနုအား ဆင်မြန်း၏။ အဘိုးအိုသည် သူ့လက်ထဲက အသပြာထုပ်အား ပျော်ရွှင်စွာ ယူရင်း အိမ်သို့ ပြန်၏။

ထိုနည်းတူ နန်းဆောင်၏ လသာဆောင်မှ ကြည့်နေသည့် အရှင်မင်းမြတ်နှင့် အရှင့်၏ ကြင်ယာတော်သည်လဲ အပြုံးများ ဝေဆာ၏။

" အရှင် "

လက်ဆွဲတော်ဓားအား ကိုင်ကာ အရှင့်နဘေးရောက်လာတဲ့ လက်ဝဲရံသခင်။

" မြောက်ဘက် စစ်စခန်းကို သွားမစစ်ဆေးတော့ဘူးလား "

ဟွားရန်းကို သိမ်းပြီးစဉ်ထဲက ပြစ်ထားခြင်း ခံထားရတဲ့ ထိုစစ်စခန်း။ အရှင်က ဟုတ်သားဟု ရေရွတ်လိုက်ရင်း သွားရန်ပြင်ဆင်၏။

" လက်ဝဲရံ "

" မှန်လှပါ "

" မောင်မင်းရဲ့ ကြင်ယာတော်ပါ ခေါ်ခဲ့ကွာ "

" အမိန့်တော် တိုင်းပါ "

အရှင်မင်းမြတ်၏ အမိန့်တော်အတိုင်း လက်ဝဲရံနှင့် လက်ဝဲရံ၏ ကြင်ယာတော် ၊ အရှင်မင်းမြတ်နှင့်အတူ အရှင့်ကြင်ယာတော်တို့သည် စစ်သည် 30 နှင့်အတူ မြောက်ဘက် စစ်စခန်းသို့ ချီတက်၏။ မြင်းခွာ ရိုက်သံတို့၏ အနောက်တွင် ကျန်ခဲ့တဲ့ ဖုန်များ။

" အရှင်မင်းမြတ် ကြွချီတော်မူလာပါပြီ!! "

စခန်း အကြီးအကဲ၏ အသံကြောင့် စစ်သုံ့ပန်း များနှင့် စစ်သည်တို့ဟာ အရှင်မင်းမြတ်နှင့်အတူ လက်ဝဲရံအား ဂါရဝပြု၏။ တည်ကြည် ခန့်ညားလွန်းတဲ့ အရှင်သည် ဂါရဝပြုမှုအား အသိမှတ်ပြု၏။

" စခန်းက အဆင်ပြေရဲ့လား စစ်သူကြီး "

" ကောင်းကောင်းမွန်မွန် တည်ရှိနေပါတယ် အရှင် "

𝗧𝗵𝗲 𝗦𝗼𝘂𝗻𝗱𝘀 𝗼𝗳 𝗛𝗲𝗮𝗿𝘁𝗯𝗲𝗮𝘁 | 𝗛𝗼𝗼𝗻𝗸𝗶✓Where stories live. Discover now