3 부

365 41 0
                                    

" ငါ့ အမတော်ကိုရော ဘယ်နေရာ ပို့လိုက်လဲ မူရာ "

မြင်းပေါ်က ဆင်းဆင်းခြင်း ကြားလိုက်ရသည့် အသံဟာ မျက်နှာရှစ်ခေါက်ချိုး ပိုင်ရှင်ဖြစ်သည့် ၊ ဟွားရန်းရဲ့ မင်းသားလေး ပတ်ခ်ဆောင်းဟွန်း။

တိုင်းသူပြည်သားတွေတောင် 'အိမ်ရှေ့စံ မူရာ' ဟုခေါ်ဆိုကြသော်ညား ၊ ဒီမင်းသားဟာ ရင့်ရင့်သီးသီး 'မူရာ' ဟုသာ ခေါ်ဆို၏။

မသိရင် စစ်ရှုံးလို့ ခေါ်လာခံရတာ ဆောင်းဟွန်းမဟုတ်ပဲ သူများလား။

" တစ်နေရာရာမှာ စစ်သုံ့ပန်း လုပ်ဖို့ထားခဲ့တယ် "

" ဘာရယ်! "

" ကျစ်! စကားများလိုက်တာ ငြိမ်ငြိမ်နေမလား ကိုက်စားလိုက်ရမလား "

နှင်းကဲ့သို့ ဖြူစင်ပြီး အေးချမ်းသည့် ဆောင်းဟွန်းရဲ့ မျက်ဝန်းတွေကို ကြည့်ရင်း ပြောလိုက်တော့ ဆန်မုန့်လုံးလေးဟာ တုန်တက်သွား၏ ၊ ထိုအချိန် မူရာ့၏ နှလုံးဟာ 'ဒုတ်' ခနဲတစ်ချက် ခုန်၏။

ဆန်မုန့်လုံးလေးဟာ ကြောက်သွားပုံရ၏ နှုတ်ခမ်းများ တုန်လျက် သူ့အားကြည့်သည်။

" စတာ စတာ ဒိုဟျောင်း "

မူရာ့ရဲ့ ဩဇာအပြည့်လေသံအဆုံး ဒိုဟျောင်းဟာ အနားသို့ ရောက်လာကာ မျက်လွှာများနှင့်အတူ ခေါင်းဟာလဲ ငုံ့လျက်။

" နေရမဲ့ နေရာခေါ်သွားလိုက် "

" အမိန့်တိုင်းပါ ဘုရား "

ချာခနဲ ထွက်သွားသည့်နောက် ဝတ်ရုံတော်ရဲ့ အစဟာလဲ လွှင့်ခနဲ။ ဘယ်လို အိမ်ရှေ့စံပါလိမ့်။

" ဒီဘက်ကို ကြွပါ မင်းသား "

ဒိုဟျောင်း၏ အကူအညီဖြင့် နန်းဆောင်သို့ ထွက်ခွာခဲ့၏။ လှပစွာ ကျရောက်နေတဲ့ နေရောင်ခြည် နှင့် အစေခံတွေ၏ ပြုံးရွှင်ရယ်မောနေတဲ့အသံတွေ။ သူ့အားမြင်တော့ မခို့တရို့‌လေး ပြုံးကာ တိုးတီးစွာပြောရင်း ထွက်ပြေးသွားကြတဲ့ အစေခံ ကောင်မလေးတွေ။

" ဒီနေရာက မင်းသား နေရမဲ့နေရာပါ "

‌ဆောင်းဟွန်း နန်းဆောင် အတွင်းလှည့်ပတ်ကြည့်မိသည်။

𝗧𝗵𝗲 𝗦𝗼𝘂𝗻𝗱𝘀 𝗼𝗳 𝗛𝗲𝗮𝗿𝘁𝗯𝗲𝗮𝘁 | 𝗛𝗼𝗼𝗻𝗸𝗶✓Where stories live. Discover now