INTRO

305 29 0
                                    

တစ်ချိန်က ကိုရီးယားနိုင်ငံတွင် သိပ်ကိုလှပပြီး ပင်လယ်ရပ်ခြား အထိပါနာမည်ကြီးလွန်းတဲ့ တိုင်းပြည်တစ်ခု ရှိသတဲ့။ ရေမြေသဘာဝ လှပလွန်းတော့ အိမ်နီးချင်း တိုင်းပြည်တို့၏ တိုက်ခိုက်မှုကို နှစ်ရှည်လမျှ တောင့်တင်း ခံရလေ့ရှိသတဲ့။

သို့သော် ထိုတိုင်းပြည်တွင် နာမည်ကြီး ဒဏ္ဍာရီလာ မိစ္ဆာတစ်ပါး ကျက်စားနေထိုင်သတဲ့။ စွမ်းအားကြီး သတ္တဝါတွင် လှပသည့် အစင်းရှိလေသည်။

ထို တိုင်းပြည်အား Chung Ae နိုင်ငံ သိမ်းပိုက်ရရှိသွားတဲ့အခါမှာတော့ ပြည့်ရှင်မင်း၏ သားတော် မူရာဆိုသူ၏ နှလုံးသားအား အစမတန် ခုန်ပေါက်စေရန် အမိန့်ပေးသည့် မင်းသားတစ်ပါး ပေါ်ထွန်းလာခဲ့၏။

သူ၏ မယ်တော်နှင့် ဖခမည်းတော်‌တို့အား သူ့ရှေ့မောက်တွင် သတ်ခဲ့သည့် Chung Ae ၏ အိမ်ရှေ့စံမင်းသား အပေါ်စိတ်များ ယိုင်နဲ့လာခဲ့သည့် အခါ ‌သူဘယ်လို ဆက်လုပ်သွားမလဲ။

သူ့ရဲ့ သရုပ်မှန် ပေါ်ပေါက်လာသည့် အခါ အိမ်ရှေ့စံ မူရာကရော သူ့ရဲ့ဖြစ်တည်မှုကို လက်ခံနိုင်ပါ့မလား။

ပတ်ခ်ဆောင်းဟွန်း ဆိုတဲ့သူကိုယ်တိုင် ရော လက်စားချေဖို့ နည်းနည်းတောင် မစဉ်းစားမိတဲ့အထိ ထိုအိမ်ရှေစံအား ချစ်မိချိန် ကံကြမ္မာ၏ မျက်နှာသာပေးမှုရော ကျောခိုင်းမှုပါ ရရှိခဲ့ရ၏။

တိုက်ခိုက်မှုတွေ ကိုအံတုရင်း မူရာနှင့် ပတ်ခ်ဆောင်းဟွန်း တို့ကြားက အချစ်သည် မည်သို့ပင် လှပသွားမည်နည်း။

" ငါမင်းကို သတ်ရင် ဘာလုပ်မှာလဲ "

" မမိရင် ဟွန်းသတ်တာခံမယ် မိရင်တော့ ကြင်ယာတော် တင်မြောက်မယ် "

    - THE SOUNDS OF HEART BEAT -

-------
28.2.2024

ပြန်လာပါပြီ ရှင်။ ဒီဟာလေးကတော့ နန်းတွင်းပေါ့နော် တစ်ရက်ခြား တစ်ခါ up ပေးပါ့မယ်ရှင့်။

𝗧𝗵𝗲 𝗦𝗼𝘂𝗻𝗱𝘀 𝗼𝗳 𝗛𝗲𝗮𝗿𝘁𝗯𝗲𝗮𝘁 | 𝗛𝗼𝗼𝗻𝗸𝗶✓Where stories live. Discover now