တစ်ဖက်တွင်လဲ ဆေးရုံထက် လဲလျောင်းနေသော ကောင်လေးအား ရေပတ်တိုက်ပေးနေတဲ့ ကောင်လေး။ ကုတင်ထပ် မေ့မျောနေသော လူငယ်ဟာ နှုတ်ခမ်းထူထူ မျက်ခုံးမွေးထူထူ မေးစေ့၌ မဲ့နက်လေးနဲ့ ကြည့်ကောင်းတဲ့ လူချောလေးပင် ဖြစ်၏။
တစ်ဖက်မှ ရေပတ်တိုက်ပေးနေတဲ့ ကောင်လေးတွင်တော့ နှာတံချွန်ချွန် ပြေပြစ်သည့် အသားရည်နှင့် မထူမပါး နှုတ်ခမ်းတို့အား ပိုင်ဆိုင်ထား၏။
ယခုဆို ဒီဆေးရုံမှာ သောင်တင်နေတာ တစ်ပတ်ပြည့်ခဲ့ပြီ။ ကံဆိုးစွာဖြင့် ကိုရီးယားပြန်ရန် လေဆိပ်သို့အသွားမှာ ကားတိုက်ခံခဲ့ရ၏။
Fan တွေတော်တော် များများဟာ နီရှီမူရာရီခီ ဆိုတဲ့ ကောင်လေးအတွက် ဆုတောင်းပေးနေကြ၏။
" ဟ..ဟွန်း "
" ဟင် "
လှုပ်ခါစပြုလာတဲ့ လက်ချောင်းလေးတို့နဲ့ နှုတ်ခမ်းထူထူမှ ထွက်ကျလာတဲ့ ဟီဆွန်းမသိသော အမည်နာမတစ်ခု။
ဟွန်း?
နီခီ နဲ့အလုပ်တွဲ လုပ်တဲ့လူတွေထဲမှာ ဟွန်း ဆိုသည့် အမည်နှင့် တစ်ယောက်မှ မကြားဖူးခဲ့ပေ။
" Doctor!! "
တွေးနေလက်စတွေကို ခနရပ်ရင်း ဟီဆွန်းအပြင်ပြေးထွက်ကာ ဆရာဝန်ပြေးခေါ်၏။
" Mr.Nishimura are you feeling well? "
" Yes.. a little bit "
လိုအပ်သည့် စမ်းသပ်မှုတွေနဲ့အတူ သောက်ရမဲ့ဆေးတွေအား ဟီဆွန်းကို သေချာမှာရင်း ဆရာဝန်တွေဟာ ထွက်သွား၏။
" နီခီရာ ဝမ်းသာလိုက်တာ "
တင်းကြပ်စွာ လာဖက်တဲ့ ဟီဆွန်းအား နီခီဝမ်းပမ်းတသာ ပြန်ဖက်လိုက်၏။
" ဟျောင်း ကျွန်တော်မေ့နေတာ ဘယ်လောက်ကြာပြီလဲ "
" တစ်ပတ်ပြည့်ပြီ "
တော်တော်ကြာသွားတာပဲ။
တစ်ပတ်အတွင်းမှာ သူဟာ ၂၁ရာစုမှာ မေ့မြောနေခဲ့ပင်မဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာမှာတော့ ပတ်ခ်ဆောင်းဟွန်း ဆိုတဲ့ လူငယ်နဲ့ ချစ်သူရည်းစားတွေ ဖြစ်ခဲ့ကြသည်။
YOU ARE READING
𝗧𝗵𝗲 𝗦𝗼𝘂𝗻𝗱𝘀 𝗼𝗳 𝗛𝗲𝗮𝗿𝘁𝗯𝗲𝗮𝘁 | 𝗛𝗼𝗼𝗻𝗸𝗶✓
Fanfictionအိမ်ရှေ့စံ မူရာ့ရဲ့ နှလုံးခုန်သံက ဘယ်သူနဲ့မှ မတူဘူး သီးခြားတည်ရှိနေတဲ့ အရာလိုမျိုး။ ပဒုမ္မာ တစ်ပွင့်လို နှုတ်ခမ်းနဲ့ အသားရည်ကို ပိုင်ဆိုင်ထားတဲ့ ဟွန်းကို ပဒုမ္မာတစ်ပွင့်နဲ့ တင်စားဖို့ မေ့လျော့နေခဲ့တဲ့ မူရာ့ရဲ့ အချိန်အချို့ကို နှမြောမိပါတယ်။