4 부

352 37 0
                                    

" မူရာ.. ခနနေရင်- "

ကြေးမှုံရှေ့၌ ပြုံးပြုံးကြီးရပ်ကာ ဝဲဘက်ရင်အုံပေါ် လက်တင်ထားသည့် မူရာကြောင့် ဟီးဆွန်း ပြောရမဲ့ စကားတောင် ပျောက်၏။

ဟီးဆွန်း မူရာ့နောက်တွင် ရပ်ကာ ကြေးမှုံ၌ ပေါ်နေသော မူရာ့ရုပ်ရော သူ့ရုပ်ရောပါ တစ်လှည့်ဆီ ကြည့်၏။ မူ‌ရာတော့ မသိ ၊ သူတော့ အတော်လေးကို ချောသည်။

" မင်းတော့မသိဘူး ငါတော့ တော်တော်ချောတယ် "

" လန့်လိုက်တာ!!! "

စမ်းချောင်းအမျှ အေးချမ်းသည့် အသံကို မူရာဟာ အတွေးကမ္ဘာထဲက နားထောင်လိုက်ရလို့ ထင်ပါရဲ့။

ဟီးဆွန်းက ပုခုံးများ တသိမ့်သိမ့်တုန်ကာ ဟက်ဟက်ပက်ပက် ရယ်မော၏။

" မူရာတို့ ခြေလှမ်း ပျက်နေပုံများနော် "

" ဟာ! အကိုတော်ကလဲ ခုနဘာပြောမလို့လဲ "

" ခနနေ စားတော်တည်ရ တော့မယ်နော် ခမည်းတော်က နောက်ကျတာ မကြိုက်ဘူး "

ယခုထိတိုင် အပေါ်ပိုင်း ဗလာနှင့် ကြေးမှုံရှေ့ရပ်နေတုန်း ဖြစ်တဲ့ မူရာဟာ ထိုအခါမှဟုတ်သားဟု ပြောကာ အကျီအမြန်ကောက်ဝတ်၏။

ထို့နောက် ဖြူလွှလွှ ဝတ်ရုံတော်အား ချုံရင်း ခိုင်မြဲစေရန် အဖြူစလေးဖြင့် ခါး၌ ချည်သည်။

နက်ပြာရောင် ဝတ်ရုံတော်အား ချုံလွှားရင်း ခါးသွယ်သွယ်လေးအား ပေါ်ထွက်စေရန် ကြိုးတစ်ခုအား ဝတ်ဆင်သည်။

ထို့နောက် သဘာဝအတိုင်း သန်စွမ်းလျက် ရှိတဲ့ ဆံနွယ်‌ရှည်ရှည်တွေအား အပေါ်၌ သေသပ်စွာ ထုံးဖွဲ့ရင်း ၊ မြင်းမွှေးနှင့် ဝါးအမြှောင်းများကို ဂရုတစိုက် ချည်မျှင်ဖြင့် ပြုလုပ်ထားတဲ့ ရိုးရာ ဦးထုပ်အား ဆောင်း၏။

ထို့နောက် ဘေးနှစ်ဖက်၌ ကျနေသော ဦးထုပ်မှ အစအနက်လေးအား မေးစေ့အောက်တွင် တင်းနေအောင် ချည်လိုက်သည်။

မင်းသား တစ်ပါးရဲ့ အင်္ဂါရပ်နှင့် အညီ နေထိုင်ပြီး ၊ သိပ်ကိုမှ ပြည့်စုံလှသည့် မူရာဟာ ရာဇဝင်တွင် နာမည်ကြီးမင်းသား တစ်ပါးအဖြင့် သမိုင်းဝင်တွင်ကျန်ရစ် ခဲ့‌မည်ဆိုတာ အသေချာ။

𝗧𝗵𝗲 𝗦𝗼𝘂𝗻𝗱𝘀 𝗼𝗳 𝗛𝗲𝗮𝗿𝘁𝗯𝗲𝗮𝘁 | 𝗛𝗼𝗼𝗻𝗸𝗶✓Where stories live. Discover now