Chapter 28
ရှန်းလျိုရှန့်က ခဏတာငြိမ်သက်နေပြီးမှ တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။
" ကျွန်တော်က စုပိုင်ချယ့်နဲ့ အရမ်းရင်းနှီးတဲ့ ဆက်ဆံရေးမျိုးရှိတာပါ... ဂိုဏ်းထဲမှာ သူနဲ့ အရင်းနှ်ီးဆုံးက ကျွန်တော်ပဲ... သိပ်မကြာခင်ကတောင် ညလယ်ခေါင်ကြီး သူ့ကိုကြာစေ့စွပ်ပြုတ် သွားပေးသေးတယ် ... ဂိုဏ်းထဲက လူအားလုံး အဲ့ကိစ္စကို သိကြပါတယ်..."
လင်ယဲ့က တိတ်တဆိတ် ပြုံးလိုက်သည်။
နန်ယောင်ချွမ်က နှာမှုတ်လိုက်သည်။
" ဒါဆိုရင်လည်း ပြီးတာပဲ..."ဒါဆိုရင် စုပိုင်ချယ့်က ကြာစေ့စွပ်ပြုတ်ကြိုက်တာပေါ့... နတ်ဆိုးဘုံကိုရောက်သွားမှ သူ့အတွက် နေ့တိုင်းပြင်ဆင်ထားခိုင်းရမယ်...
ညကောင်းကင်ယံကြီးကိုကြည့်ပြီး နန်ယောင်ချွမ်က ပြောလိုက်သည်။
" စုပိုင်ချယ့်က ဒီအချိန် အိပ်ပျော်နေလောက်ပြီ... မနက်ဖြန်မနက် ချန်နာရီမှာ သူနိုးလာတဲ့အချိန်မှ သူ့ကိုခေါ်သွားတော့မယ်..."
ရှန်းလျိုရှန့် တအံ့တဩဖြစ်သွားမိသည်။
နတ်ဆိုးသခင်နှင့် သူ့စီနီယာအစ်ကိုက ထွက်သွားမည့်ဟန်မပြဘဲ မနက်မိုးလင်းချိန်အထိ သူမသာ ကိုယ်မသာ အနေအထားမျိုးဖြင့် နေနေမည်ကိုမြင်သည့်အခါ သူ ထိုနေရာမှ တိတ်တဆိတ်ထွက်လာပြီး ချောင်းယွင်တောင်ထွတ်သို့ ပြန်လာခဲ့သည်။ ညနက်နေသော်လည်း စိတ်လှုပ်ရှားမှုကြောင့် သူ အိပ်မပျော်နိုင်၍ ကျိုးရွှမ်လန်၏ အခန်းတံခါးကို သွားခေါက်လိုက်သည်။
မကြာမီအချိန်တွင် တံခါးပွင့်လာသည်။
ငိုက်မျဉ်းမှုကြောင့် လူငယ်လေး၏ မျက်လုံးများက မှေးစင်းနေကာ သူ့အသံက အက်ရှရှဖြစ်နေသည်။
" ရှစ်စွမ်း..."ရှန်းလျိုရှန့်က ပြောလိုက်သည်။
" ဂိုဏ်းချုပ်ကြောင့် ငါအိပ်လို့ မရတော့ဘူး..."ကျိုးရွှမ်လန်၏ ငိုက်မျဉ်းမှုများ ပျောက်ကွယ်သွားပြီး စိတ်မသက်မသာဖြစ်သွားပုံရသည်။
" ရှစ်စွမ်း... ဒီတပည့်နဲ့ စကားအလေးအနက် ပြောချင်လို့လား..."
ရှန်းလျိုရှန့် ခေါင်းခါပြလိုက်သည်။
" မဟုတ်ဘူး ငါနဲ့တူတူ ဝမ်ရွှေမြို့ကို လိုက်ခဲ့ပေး..."