Chapter 123
ရှန်းလျိုရှန့်က "မင်းသားလေး" ဟူသောစကားကို ရေးတေးတေးကြားလိုက်၍ အသိတစ်ယောက်ယောက်ဟု ထင်လိုက်ခြင်းဖြစ်သည်။ အသံလာရာဆီသို့ ခေါင်းလှည့်ကြည့်လိုက်သောအခါ ရင်းနှီးသည့်လူတစ်ယောက်ကိုမှ မမြင်ရသည့်အပြင် အားလုံး၏ အမူအရာက ပြောင်းလဲသွားပြီး သူ့ကို ကြောင်စီစီဖြင့်ကြည့်နေကြောင်း တွေ့လိုက်ရသည်။
ရှန်းလျိုရှန့် စိတ်ရှုပ်ထွေးစွာဖြင့် မျက်တောင်တစ်ချက်ခတ်လိုက်ပြီးနောက် သူ့မျက်နှာထက်တွင် ကြင်နာ၍တောက်ပသော အပြုံးတစ်ခု ဖြစ်တည်လာသည်။
အစောပိုင်းက ဆူညံပွက်လောရိုက်နေခဲ့သော လူအုပ်ကြီးက ချက်ချင်းငြိမ်ကျသွားသည်။
အားလုံးတိတ်ဆိတ်နေစဉ်တွင် ကျိုးရွှမ်လန်က အဓိပ္ပါယ်ဖော်ရခက်သည့်လေသံဖြင့် ပြောလိုက်သည်။
" ရှစ်စွမ်း သူတို့ကို မပြုံးပြနဲ့..."ရှန်းလျိုရှန့်က အကြည့်လွှဲလိုက်သည်။
" ဘာလို့လဲ ငါပြုံးပြတာ ကြင်နာတယ်လို့ မထင်ရလို့လား..."ကျိုးရွှမ်လန်က အသံတိုးတိုးဖြင့် ပြောလိုက်သည်။
" ကျွန်တော့်အတွက်လည်း ချန်ထားဦးလေ..."ရှန်းလျိုရှန့် ပြုံးစစဖြစ်သွားပြီး ခေါင်းညိတ်ပြလိုက်သည်။
" ဟုတ်ပါပြီ ငါ မင်းအတွက် သိမ်းထားပါ့မယ်..."သူတို့နှစ်ယောက်က ဘေးနားတွင် လူတစ်ယောက်မှမရှိဟန်ဖြင့် တစ်ယောက်ကိုတစ်ယောက် ကျီစယ်ပြောဆိုနေသည်ကို မြင်လိုက်ရသောအခါ ဘေးနားတွင် ရပ်ကြည့်နေသောဟွားကျန်းက သည်းမခံနိုင်တော့ပေ။
" ငါ့ရဲ့ အနောက်ဆောင်မှာ နတ်ဆိုးမအချောလေးတွေ အယောက်သုံးထောင်တောင်ရှိတာ ငါတောင် သူတို့နဲ့ အဲ့လိုမနေဘူး... ကျိုးရွှမ်လန် မင်းလက်တွေ မနာဘူးလား... လျှို့ဝှက်နယ်ပယ်ကို သွားချင်စိတ်ရော ရှိသေးရဲ့လား..."
ရှန်းလျိုရှန့်က ကျိုးရွှမ်လန်၏လက်မောင်းကို အမြန်ပုတ်ပြီး အောက်ချခိုင်းလိုက်သည်။
ငါတို့ကိုကြည့်နေတဲ့လူတွေ အုပ်လိုက်ကြီးရှိတာကို ငါမေ့သွားတာပဲ...