Chapter 176[Main Story End]
နန်းတွင်းထဲရှိ အဆောင်တစ်ခုတွင်...
ရှန်းပုပုက ရှန်းလျိုရှန့်၏ရင်ခွင်ထဲ တိုးဝင်နေပြီး ပန်းသီးတစ်လုံးကိုကိုင်ထားကာ သူ့ခေါင်းပေါ်မှ ရွှေရောင်သစ်ရွက်လေးများကလည်း အရောင်တလက်လက်တောက်နေသည်။ သူက ခေါင်းကို ဘယ်ညာလှည့်ပြီး အရွက်လေးများကို ယမ်းနေသည်။
" ပါပါး ဘာလို့ စကားမပြောတာလဲ..."ရှန်းလျိုရှန့် : " ရှူး..."
အဆောင်ထဲမှ တောင့်တင်းနေသည့် လေထုအနေအထားက အချိန်ကြာမြင့်လာသည်။
သူတို့အရှေ့တွင်ရပ်နေသော လူငယ်လေးက ချောမောခံ့ညားသည့်မျက်နှာနှင့် အရပ်ရှည်ရှည် ပိန်ပိန်သွယ်သွယ်ဖြစ်သည်။ သူ၏ ကျင့်ကြံဆင့်က အသွင်ပြောင်းခြင်းအဆင့်ကို ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာခြင်းဖြစ်သည်။ ဧကရာဇ်နှင့် နတ်ဆိုးဧကရာဇ်တို့၏ စစ်ဆေးအကဲဖြတ်သောအကြည့်များအောက်တွင် မမြင်ရသောဖိအားတစ်မျိုးက သူ့ကိုယ်ပေါ်လွှမ်းခြုံလာပြီး ဇောချွေးများပြန်ကာ တစ်ကိုယ်လုံး အေးစက်လာသည်။
သူ့ဘေးနားတွင်မူ ရှုရှင်းလျန်က သူ့လက်ကိုကိုင်ထားပေးပြီး သူမမျက်နှာထက်တွင် စိုးရိမ်သောအမူအရာတစ်ခု ရှိနေသည်။
ရှုရှင်းချန် ၎င်းကိုမြင်သည့်အခါ သူ့အမူအရာများက မှုန်ကုပ်ကုပ်ဖြစ်သွားတော့သည်။
ရှန်းလျိုရှန့်က သည်းမခံနိုင်ဖြစ်လာ၍ ကျိုးရွှမ်လန်ကို ဆွဲခေါ်လိုက်ပြီး ဖိအားကြီးကို ရုပ်သိမ်းခိုင်းကာ ပြောလိုက်သည်။
" ထိုင်ပါဦး လုချင်းယွင်..."လုချင်းယွင် စိတ်အေးသွားပြီး သက်ပြင်းချလိုက်ကာ သူ့မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။ သူ ရှန်းလျိုရှန့်ကို ကျေးဇူးတင်ပြီး ထိုင်တော့မည့်အချိန်တွင် ရှုရှင်းချန်၏ အေးစက်စက်နှာမှုတ်သံကို ကြားလိုက်ရသည်။ လုချင်းယွင်ကြောင်အသွားပြီး သူ့အပြုံးကို ပြန်ထိန်းထားတာ ပြန်ရပ်နေလိုက်တော့သည်။
ရှုရှင်းလျန်က သည်းမခံနိုင်တော့ပေ။
" အစ်ကိုတော်လို့..."" ငါ သူ့ကို ထိုင်ခိုင်းလို့လား..."