စစ်တလင်းမြေပြင်ပေါ်တွင်ဖြစ်သည်။ တစ်နည်းအားဖြင့် စစ်ပွဲဖြစ်ပွားရာ အရပ်ဒေသတစ်ခု၌ပင်ဖြစ်သည်။ တစ်ဘက်နဲ့တစ်ဘက် စစ်ဖြစ်သောကြောင့် ဓားသံတချွံချွံနဲ့သာမက လူအများ၏ အော်သံ၊ဟစ်သံ၊ ညည်းတွားသံများနှင့်ဆူညံနေသည်။ မြင်းများ၏ ခွာသံ၊ဟီးသံများသည်လည်းဆူညံလျက်ရှိသည်။
"စစ်သူကြီး ကျွန်ုပ်တို့တပ်တော်ရဲ့ အခြေအနေကမဟန်လှပါပေဘူး။ ကျွန်ုပ်တို့အမြန်ပင်ဆုတ်ခွာမှသင်တော်ပေလိမ့်မည်"
"ဘယ်လို တပ်မှူးရဲ့ အသင်က ကျွန်ုပ်တို့တိုင်းပြည်ကို ဒီဘုရင့်လက်ထဲကိုထည့်ပေးတော့မလိုလား။ အသင်စဥ်းစဥ်းစားစားလည်းပြောပါ။ ဒီဒေဝစင်္ကြာ တိုင်းပြည်ထက် ကျွန်ုပ်တို့စစ်သည်တော်အင်အားက များပြားလွန်းလှပါတယ်။ ကျွန်ုပ်တို့တပ်က အဘယ်သို့မျှမရှုံးစေရပေဘူး"
တပ်မှူးက ခေါင်းမာလှသောစစ်သူကြီးကိုအလျင်အမြန်ပင်ဆုတ်ခွာရန်သတိပေးလိုက်သော်လည်း စစ်သူကြီးကယုံကြည်ချက်အပြည့်ဖြင့်ဆိုလိုက်လေ၏။ ထိုစဥ် တစ်ဘက်မှပစ်လွှတ်လိုက်သော မြှားတစ်စင်းက ထိုတပ်မှူး၏ ကျောဘက်တည့်တည့်ကိုထုတ်ချင်းပေါက်ဆိုက်ဝင်ကာ တပ်မှူးဖြစ်သူမှာ အားခနဲအော်ပြီးလဲကျသွားလေသည်။
ထိုအခြင်းအရာကိုမြင်လိုက်ရသော စစ်သူကြီးမှာ မျက်လုံးပြူးသွားပြီး မြှားဖြင့်ပစ်လွှတ်လိုက်သောသူကိုကြည့်လိုက်ပြီး ဒေါသတကြီးရေရွတ်လိုက်လေသည်။
"ဟင်... ဒေဝဘုရင်ပါ့လား။ တောက်! သေပေ တော့ဘုရင်စုတ်။ ဒင်းရဲ့ဦးခေါင်းတော်ကိုဖြတ်ပြီး ငါ့တို့ရဲ့ပြည့်ရှင်မင်းထံကိုယူဆောင်သွားပေမဟယ်"
စစ်သူကြီးမှာပြောပြောဆိုဆိုနှင့် မြင်းပေါ်ကိုလွှားခနဲခုန်တက်ပြီး ဒေဝဘုရင်ထံဒုန်းဆိုင်းစီးသွားလေ၏။ ဒေဝဘုရင်လည်း ကောက်ကျစ်စွာပြုံးပြီး သူ့ရဲ့စီးတော်မြင်းကိုအရှိန်တင်လိုက်ကာ ထိုစစ်သူကြီးထံသို့တစ်ဆိုက်မတ်မတ်ဝင်ရောက်တိုက်ခိုက်လေသည်။
"ရွှစ်.."
"အားးးးးး"
အသံက တစ်ယောက်ယောက်ကနာနာကျင်ကျင်နဲ့အော်လိုက်တဲ့အသံ။ဘယ်သူ့အသံလည်း။ ဒေဝဘုရင်လား။ ဒါမှမဟုတ်။ တစ်ဘက်ကစစ်သူကြီးအသံပေ လား။

YOU ARE READING
ဒေဝီသခင်မ
Tiểu thuyết Lịch sửလူတစ်ယောက်ရဲ့ အတိတ်နဲ့လာမယ့်တစ်နှစ်တာအတွင်းဖြစ်ပေါ်လာမယ့် အနာဂတ် သို့မဟုတ် ယခုလက်ရှိပစ္စုပ္ပန်ကာလကိုကြိုတင်သိမြင်နိုင်စွမ်းရှိသော၊ စစ်ပွဲများ၏ အနိုင်အရှုံးကိုကြိုတင်ဟောကိန်းထုတ်နိုင်စွမ်းရှိသော နတ်ဆရာမလေး နန်းဒေဝီနွယ်။ ရဲစွမ်းသတ္တိသာမက လက်ရုံးရည်၊နှ...