အခန်း (၂၀)

231 25 1
                                    

မိုးမလင်းတလင်းအချိန်တွင် ဝတီရဲ့မျက်လုံးမှာဖျက်ခနဲဖွင့်လာခဲ့လေသည်။ ခဏအိပ်ပျော်သွားတာပါလား။ ညကတစ်ညလုံးသခင်မလေးရဲ့မျက်နှာလေးကိုဘဲကြည့်နေမိတာ။ ခဏမှေးခနဲဖြစ်သွားတယ်။ မဖြစ်ဘူးထမှဘဲဖြစ်တော့မယ်။ အပြင်မှာတော့မှောင်နေဆဲပင်ဖြစ်သည်။ အလင်းရောင်မမြင်ရသေး။တောထဲတောင်ထဲမို့ထင်၏။ ထို့နောက်ဝတီလည်းထမည့်ဟန်ပြင်တော့ တစ်စုံတစ်ခုကိုသတိရလိုက်လေသည်။ ပြီးရင်ထဲဝယ်တဒိန်းဒိန်းခုန်သွားပြန်၏။ ဟင်...သခင်မလေး။သခင်မလေးက ငါ့ရင်ခွင်ထဲမှာပါလား...။ ဘယ်လိုကနေဘယ်လိုလုပ်ပြီးတော့ရောက်နေတာလည်း။ နောက်ပြီးငါ့လက်ကလည်းသခင်မလေးကိုဖတ်တွယ်ထားပါ့လား။

ဝတီ့ရဲ့ရင်ခွင်ထဲဝယ်နှစ်ခြိုက်စွာအိပ်မောကျသော သခင်မလေးကိုကြည့်ပြီး ဝတီတစ်ယောက် မထချင်သလိုဖြစ်သွားရ၏။ ဝတီ့ရဲ့လည်တိုင်လေးကို အသက်ရှုသံနွေးနွေးလေးကခပ်မှန်မှန်ရိုက်ခတ်လို့လာသည်။ ပြီး သခင်မလေးရဲ့ကိုယ်သင်းရနံ့လေးဟာလည်း ဝတီ့နှာခေါင်းထဲဝယ်ထုံသင်းနေလေသည်။ မွှေးလိုက်တာ။ သခင်မလေးရဲ့ကိုယ်သင်းရနံ့လေးကကြာမျိုးငါးပါးနဲ
ပြည့်စုံနေတဲ့ပန်းရနံ့လိုဘဲ။ ဒါဟာသခင်မလေးရဲ့ဘုန်းကံကြောင့်လား။ သခင်မလေးရဲ့ဘုန်းကံကြောင့် အကျွန်ုပ်အိမ်ရှေ့စံမင်းသမီးလေးမဏိရူပဝတီလည်း သခင်မလေးရဲ့ခြေတော်ရင်းမှာဒူးထောက်ခစားလိုစိတ်ဖြစ်မိတယ်လေ။ မြတ်နိုးရပါ၏ သခင်မလေးရယ်။ ထို့နောက် ဝတီလည်းထဖို့စိတ်မကူးသေးဘဲ သခင်မလေးရဲ့နူးညံ့အိစက်နေသောခန္ဓာကိုယ်လေးကိုမြတ်နိုးစွာထွေးပွေ့လိုက်လေသည်။ ဝတီရဲ့ရင်ခွင်ထဲကနွေးထွေးလို့ထင်၏။ သခင်မလေးလည်း ပိုတိုးပြီးဝင်လိုက်ကာဝတီ့ရဲ့ခန္ဓာကိုယ်လေးကိုဖတ်တွယ်ထားလေ၏။

ခဏအကြာတွင်သခင်မလေးရဲ့မျက်လုံးတော်​လေးမှာဖြတ်ခနဲဖွင့်လာခဲ့လေသည်။ ထိုအခါ မိမိသည် နွေးထွေးလှသောရင်ခွင်တစ်ခုထဲမှာရောက်နေသည်ကိုခံစားမိလိုက်၏။ ပြီးသခင်မလေးရဲ့ရင်ခုန်သံမှာမြန်လာလေသည်။ဟင်..ဒါ..ဒါကမဏိရူပဝတီရဲ့ရင်ခွင်ထဲဘဲ..။အို...နွေးလှချည်ရဲ့။ထို့ကြောင့် သခင်မလေးလည်းဝတီ့ရင်ခွင်ထဲကိုအတင်းတိုးဝင်လိုက်လေသည်။

ဒေဝီသခင်မWhere stories live. Discover now