အခန်း (၉)

216 27 2
                                    

"အကျွန်ုပ်ကအသင်အလိုရှိနေတဲ့ ဒေဝီသခင်မဘဲလေ"

ကြားလိုက်ရသောစကားသံကြောင့် ဝတီတစ်ယောက်မိမိ၏နားကိုပင်မယုံနိုင်လောက်အောင်ဖြစ်သွားရ၏။ ဘယ်လို...ဘယ်လို။ ဒီနတ်သမီးတမျှချောမောလှပတဲ့ မိန်းကလေးက သူ့ကိုယ်သူဒေဝီသခင်မ ဟုတ်လား။ ဒါကဖြစ်နိုင်ပါ့မလား။ ဒေဝီသခင်မက အသက်ကြီးကြီးအဘွားကြီးတစ်ယောက်မဟုတ်ဘူးလား။ ဝတီလည်း လက်က အသင်ပြင်ထားသော ဓားမြှောင်မှာလည်းအားပျော့သွားသလိုခံစားရ၏။ နောက်ပြီး ထိုမိန်းမချောလေးကိုလည်းသတိထားပြီးကြည့်လိုက်သောအခါ လိမ်ညာ ပြောဆိုသည့်အရိပ်အယောင်ကိုမူမတွေ့ရ။ ပကတိတည်ငြိမ်နေသည်ကိုတွေ့ရ၏။ ဒါဆို...ဒေဝီသခင်မဆိုတာက ဒီနတ်သမီးတမျှချောမောလှပတဲ့မိန်းမပျိုလေးလား..။ ဒါကြောင့်မလို့ ဒေဝဘုရင်က လူမြင်မခံအောင်ဝှက်ထားတာလား...။ သိုလော..သိုလောဖြင့် ဝတီ့ရဲ့စိတ်ထဲမှာအတွေးပေါင်းမြောက်များစွာဖြင့်ရှိနေလေသည်။

ဝတီရဲ့အမူအရာကို သခင်မကရိပ်မိပုံပေါ်ပါ၏။ ထို့ကြောင့် စွဲမက်စရာအပြုံးပန်းလေးတစ်ပွင့်ကိုထပ်ပြုံးပြပြီး ချိုသာသောအသံလေးဖြင့်စကားတို့ကိုဆိုပြန်သည်။

"အသင်ကြည့်ရတာ အကျွန်ုပ်ရဲ့စကားကိုမယုံကြည်တဲ့ပုံစံနဲ့။ ဟုတ်တယ်မဟုတ်လား မဏိရူပဝတီ။ အကျွန်ုပ်ရဲ့အသက်ကိုယူဖို့လာခဲ့လေသလား။ သို့တည်းမဟုတ်။ အကျွန်ုပ်ကိုမြင်ဖူးချင်လို့လာခဲ့လေသလား။ အကျွန်ုပ်အနေနဲ့ အသင်ကိုလိမ်ညာပြီးပြောစရာဘာအကြောင်းမျှမရှိပါ"

သခင်မ၏ချိုသာလွန်းသောစကားသံလေးများကြောင့် ဝတီရဲ့စိတ်တွေဟာမခံနိုင်တော့ပေ။ ထို့ကြောင့် အတတ်နိုင်ဆုံးစိတ်လျော့လိုက်ကာ လက်ထဲရှိဓားမြှောင်ကိုခါးကြားမှာထိုးလိုက်လေ၏။ ပြီး သခင်မကိုစကားဆိုလိုက်လေသည်။

"အသင်က ဒေဝီသခင်မအစစ်မှန်ဆိုတာယုံကြည်လို့ရပါတယ်။ ဘာလို့လည်းဆို အကျွန်ုပ်ရဲ့အမည်နာမကို အသင်ကသိနေတဲ့အတွက်ကြောင့်မလို့ပါ။ ဒါဆို အသင့်ကိုဘာကြောင့် ဒေဝဘုရင်ကလူမြင်မခံရတာလည်း။ အသင်ကိုအကျွန်ုပ်က အသက်ကြီးကြီးအဘွားကြီးမှတ်နေတာ။ ဒီလိုမျိုးနတ်သမီးတမျှချောမောလှပတဲ့ မိန်းမပျိုလေးလို့မထင်ထားမိတာအမှန်ပါဘဲ"

ဒေဝီသခင်မWhere stories live. Discover now