တင် တင်
ညီ နေ့လယ်စာအတွက်ပြင်ဆင်ပီးချိန်တွင် တံခါးဘဲလ်တီးသံကြားတာမို့ ကျူးလာပီးမှန်းသိတာမို့ သူ အေပရွန်ကိုပက်မချွတ်နိုင်တော့ဘဲ တံခါးဆီအမြန်ပြေးသွားလိုက်တော့သည်
ပုံ့ပုံ့ တံခါးဘဲလ်ထပ်တီးဖို့ပြင်လိုက်စဥ် တံခါးပွင့်လာတာမို့ သူမလည်း အားယံကို ရီပြလိုက်တော့သည်
''အားယံ နေ့လယ်စာစားချိန်မလို့ လာလိုက်တာ ဟဲ''
''မဟုတ်တောင် ကျွန်တော် ခနနေလာခေါ်တော့မလို့ဘဲ လာ ကျူး''
''ခစ် ခစ်''
''ကျူး ဘာလို့ရီတာလဲ အာ အေပရွန်က အလောတကြီးထွက်လာလိုက်ရတာမလို့ မချွတ်လိုက်မိတာ အဟင်း ''
သူ့ကိုယ်မှာ အေပရွန်ရှိနေတာကို သတိရကာ သူအရှက်ပြေမျက်ခုံးကို ခြစ်လိုက်မိသည်''ပုံ့ပုံ့က ဘာပြောရသေးလို့လဲ ကြည့်ကောင်းတယ်''
''ဗျာ''
''အေပရွန်နဲ့လေ''
ညီရင်တွေခုန်လာသလို မျက်နှာတွေပါပူလာရသည် ထို့ကြောင့် သူ စကားလမ်းကြောင်းလွှဲလိုက်မိတော့သည်
''အာ ကျူးကလည်း မစပါနဲ့ဗျာ လာပါ ထမင်းစားရအောင်''
''တကယ်ကြည့်ကောင်းတာပါဆို''
သူ ဘာမှမပြောတော့ဘဲ ကျူးကို ထင်းစားခန်းထဲသို့ တွန်းလာလိုက်တော့သည်
''ကြည့်ကောင်းလို့ကြည့်ကောင်းတယ်ပြောတာကို ဘာလို့မျက်နှာတွေနီလာရတာလဲ ဒီကောင်လေးတစ်ခါမှအပြောမခံရဖူးဘူးနဲ့တူတယ်''
ပုံ့ပုံ့ သူမကို အတင်းတွန်းနေတဲ့ ထိုကောင်လေးကို နောက်ပြန်လှည့်ကာ စနေမိသည်''ကျူး ဗိုက်ဆာနေပီမလားထမင်းစားရအောင် ကျွန်တော်ကိုမစနဲ့တော့''
သူပြောပီး ကျူးရဲ့ကိုယ် ထမင်းစားဝိုင်းရှေ့လှည့်လိုက်တော့သည်''ဝါး ဒါတွေအကုန်အားယံချက်ထားတာလား''
''ဟုတ်တယ် ကျူးကြိုက်ပါ့မလားတော့မသိဘူး အစတုန်းက ကျူးအကြိုက်ကိုလှမ်းမေးမလို့ ကျွန်တော်ဆီမှာ ကျူးရဲ့ဖုန်းနံပါတ်လည်းမရှိတာနဲ့ အဆင်ပြေသလိုချက်လိုက်တာ နောက်ဆို ကျူးမကြိုက်တဲ့ဟာဆိုပြောထားလေ ကျွန်တော်မချက်ဘဲနေရအောင်''
YOU ARE READING
My boyfriend is an author
Romanceစိတ်ကူးယဥ်ဝတ္ထုဖြစ်တာမို့ ပြင်ပလက်တွေနှင့်ကွာခြားနေနိုင်ပါသည်