ညီ တံခါးကိုမှီထိုင်ကာ မျက်ရည်ကျနေရင်းက နေ့လည်က ဖေဖေပြောတဲ့စကာစတွေပြန်လည်ကြားယောင်လာသည်
''သားတောင် တော်တော်အရွယ်ရောက်လာပီဘဲ ဖေဖေဒီနှစ်တွေအတွင်း သားကိုလာမတွေ့ခဲ့တာ သားစိတ်ထဲဘယ်လိုမှမနေဘူးလား''
''ဟင့်အင်း တစ်ခါတစ်လေ ဖေဖေကိုလွမ်းမိတာကလွဲရင် ကျန်တာဘာမှမတွေးဖြစ်ခဲ့ပါဘူး ဖေဖေမှာလည်း ဖေဖေအကြောင်းပြချက်နဲ့ဖေဖေရှိမှာပေါ့ ကျွန်တော်နားလည်ပါတယ်''
''သားက သားအမေလိုဘဲ ဘယ်တော့မှ တစ်ခြားတစ်ယောက်ကိုအပြစ်မတင်ဘူး အရာအားလုံးကိုဖြည့်တွေးပေးတာဘဲ ဒါပေမဲ့ တစ်ခါတစ်လေးကျရင် အဲ့အတွေးတွေက လူကိုနှိပ်စက်တယ် သားရ တစ်ခြားသူကိုအပြစ်မပြောနိုင်ဘဲ ကိုယ့်အပြစ်လို့ဘဲမြင်နေတာ သိပ်ကိုဆိုးရွားတာဘဲ ဒါကြောင့်အပြစ်တင်စရာရှိရင်တင်ပစ်လိုက်ပါ သား''
''ဖေဖေ မေမေကိုသတိရလားဟင်''
''တစ်ခါတစ်လေပေါ့ ဒါနဲ့ သားမှာချစ်သူရှိနေပြီဆို သူက သားအပေါ်ကောင်းပေးလား''
''သူက ကျွန်တော့်အပေါ်ကောင်းပေးတာထက်ကိုပိုပါတယ် ကျွန်တော်လေ သူနဲ့ရှိနေရင်အထီးကျန်ဆန်တယ်လို့မခံစားရဘူး သူနဲ့အတူရှိနေရရင် အရာအားလုံးကိုမေ့ပြောက်သွားတဲ့အထိဘဲ ပီးတော့ သူကအရမ်းလည်းချစ်စရာကောင်းတယ် ဖေဖေတွေ့ရင် ဖေဖေလည်းသူ့ကိုချစ်မှာ အာ ဒါနဲ့ ကျွန်တော်မှာချစ်သူရှိတယ်ဆိုတာ ဖေဖေ ဘယ်လိုသိ...''
''သား သူနဲ့လမ်းခွဲလိုက်ပါ''
''ဗျာ ဘာလို့လဲ ကျွန်တော်တို့ကဘာကြောင့်လမ်းခွဲရမှာလဲ''
''ဘာလို့လည်းဆိုတော့ သမီးပုံ့ပုံ့က သားရဲ့အကိုနဲ့လက်ထပ်မယ့်သူဘဲ''
''ဗျာ မဖြစ်နိုင်တာ ကျူးက ကျွန်တော်ကိုဘဲချစ်တာ သူ တစ်ခြားတစ်ယောက်နဲ့လက်ထပ်မှာမဟုတ်ဘူး''
''အဲ့တာကြောင့်ဘဲ သားဘက်ကနေလမ်းခွဲပေးဖို့ပြောတာပေါ့ သားအကိုအတွက် သားကအနစ်နာခံပေးပါလား ဟင် ''
ဦးမင်းယံ ညီရဲ့လက်ကလေးကိုဆုပ်ကိုင်ကာ သနားစဖွယ်အသံနှင့်ပြောလိုက်သည်
YOU ARE READING
My boyfriend is an author
Romanceစိတ်ကူးယဥ်ဝတ္ထုဖြစ်တာမို့ ပြင်ပလက်တွေနှင့်ကွာခြားနေနိုင်ပါသည်