စစ် ပုံပုံရဲ့အလုပ်ရှေ့မှာ ကားကိုထိုးရပ်လိုက်ပီး ထိုကားပေါ်သို့ ခြေတစ်ဖက်ထောက်ကာ ကျောကလည်းကားကိုမှီထားပီး သူမကိုစောင့်နေမိသည်
အလုပ်ဆင်းလာတဲ့ကောင်မလေးတွေရဲ့အမြင်မှာတော့ ကားကိုမှီထားပီး ဖုန်းသုံးနေတဲ့ပုံစံလေးက ခန့်ညားလွန်းလှသည် ထို့အပြင် အင်္ကျီကိုလက်ခေါက်တင်ထားတာမို့ ပေါ်နေတဲ့လက်ကလေးက ဖွေးပီး အကြောတွေပါထောင်နေတာမို့ ရင်ဖိုစရာကောင်းလွန်းပါသည်
''ကြည့်ပါအုံး ချောလိုက်တာ တစ်ခါတည်းရင်ခွင်ထဲကိုပြေးအောင်းပြစ်ချင်လိုက်တာ''
''ဟုတ်ပါ့ဟယ် အခုဟာကတစ်ယောက်ယောက်ကိုစောင့်နေတဲ့ပုံဘဲ သူ့ရည်းစားသာဖြစ်လို့ကတော့ သူ့အနားကကို တစ်ဖဝါးမှမခွာဘူး အဟိ''
စစ် သူ့အနားကဖြတ်သွားတဲ့ကောင်မလေးတွေပြောသွားတာကိုကြားပီးပြုံးလိုက်မိသည် အရင်စိတ်နဲ့သာဆို ချောရင်လှရင် သူတွဲဖို့ပြောမိမှာဖြစ်ပေမဲ့ အခုချိန်မှာတော့ သူ့အတွက်က တစ်ယောက်တည်းရှိရင်ကိုလုံလောက်ပါပီ ထိုသူကတော့
''စစ် ဘယ်ကိုလာတာလဲ ငါ နင်နဲ့တူပါတယ်လို့ကြည့်နေတာ''
သူ့အတွက်လိုအပ်တဲ့ကောင်မလေးကတော့ သူရှေ့မှာရှိနေတဲ့ပုံ့ပုံ့သာဖြစ်သည် ဒူးအောက်ဂါဝန်အဖြူပန်းပွင့်အဆင်လေးကို အပေါ်က ချည်သားလက်ရှည်အဖြူရင်ကွဲလေးနဲ့တွဲဝတ်ထားပီ ပုခုံးပေါ်သို့ ကျစ်ဆံမြီးကျစ်ထားတဲ့ ဆံပင်လေးကိုချထားတာလေးက သူ့ရင်ထဲကိုအေးမြသွားစေသည်
''စစ် ဘာလုပ်လာတာလဲလို့''
သူ ပုံ့ပုံ့ကို ငေးစိုက်ကြည့်နေရင်းမှ ပုံပုံ့က ပုခုံးကိုလှုပ်ပီးပြောလိုက်တာမို့ သူလည်းသတိဝင်ကာ
''နင့်ကိုလာကြိုတာ''
''ဟင် ငါ့ကို ဘာလို့လဲ''
''တကယ်တော့ ငါနင်နဲ့ညစာအတူစားချင်လို့ပါ အရင်ရက်တွေက နင်ရဲ့ကောင်လေးက အထင်လွဲမှာစိုးလို့ပါ အခု ငါနဲ့ညစာအတူစားပေးလို့အဆင်ပြေမလား ''
''ရတယ်လေ သွားကြတာပေါ့ ''
''တ..တကယ်လား''
''ေအာ် တစ်ကယ်ပါဆို ငါကားပေါ်အရင်တတ်နှင့်မယ်''
YOU ARE READING
My boyfriend is an author
Romanceစိတ်ကူးယဥ်ဝတ္ထုဖြစ်တာမို့ ပြင်ပလက်တွေနှင့်ကွာခြားနေနိုင်ပါသည်