''အားငါဒီနေ့ကျောင်းသားဟောင်းတွေ့ဆုံပွဲကိုသွားရမှာဆိုတော့ အပြန်နောက်ကျရင်နောက်ကျမှာ ''
''ဟုတ်ပါပီ ဒါပေမဲ့ ကျူးပြန်မဲ့အချိန်ကျရင်တော့ကျွန်တော်ကိုဖုန်းလှမ်းဆက်လိုက် ကျွန်တော်လာခေါ်မယ်''
''ငါ့ကိုစိတ်မချလို့လား''
''ဒါပေါ့ဗျ ကျွန်တော်ရဲ့ကျူးကဒီလောက်လှတာ ပီးတော့ ညဘက်လူရမ်းကာတွေနဲ့တွေ့ရင်ဘယ်လိုလုပ်မလဲ ''
''အမယ်လေး ကျွန်မရှင်နဲ့ရည်းစားမဖြစ်ခင်ကဆို ညမိုးချုပ်မှလည်းတစ်ယောက်တည်းပြန်လာရတာ ဘာမှမဖြစ်ပါဘူး''
''အရင်ကနဲ့အခုကဘယ်တူမလဲဗျ အရင်ကကျူးမှာ ကျွန်တော်မရှိလို့လေ အခုကျူးမှာကျွန်တော်ရှိနေပီဆိုတော့ အရာရာတိုင်းကိုတစ်ယောက်တည်းလုပ်စရာမလိုတော့ဘူး ကျွန်တော်က ကျူးနဲ့အတူရှိနေပေးမှာမို့လို့''
''ဟီး အားယံနော် စကားတော်တော်တတ်နေတာ''
''စကားတတ်တာမဟုတ်ပါဘူးဗျ ရင်ထဲကလာတဲ့ခံစားချက်အစစ်အမှန်တွေပါ''
''ဟုတ်ပါပီ ပြန်လာခါနီးရင် ဖုန်းဆက်လိုက်မယ်နော် အားယံကရောဘာလုပ်စရာရှိသေးလဲ''
''ကျွန်တော်လား ထုံးစံအတိုင်းစာရေးမယ် ထမင်းချက်မယ် အဲ ပီးတော့ ဖေဖေကခေါ်ထားလို့သွားရအုံးမယ်''
''ဖေဖေကလည်းနော် စတွေ့တုန်းကကျအားယံကို အမြင်မကြည်သလိုဘာလိုလိုနဲ့ အခုကျတော့လည်း တစ်သားထဲသားနေပီ ကျူး ဖေဖေလို့မပြောရဘူး''
''ဟင် ဘာလို့လဲ''
''အော် ငါကလည်း နင့်ကိုအစတုန်းကကြည့်မရပေမဲ့ နောက်ပိုင်းကျ ငါ့ရဲ့တစ်နေ့တာက နင့်ရှ်ိမှပြည့်စုံတော့တာလေ''
''ကျွန်တော့ရဲ့တစ်နေ့တာကလည်း ကျူးရှိမှပြည့်စုံတာပါဗျ''
ညီ ကျူးရဲ့ပါးလေးကိုလက်ဖြင့်ဆုပ်ကိုင်ကာ ကျူးရဲ့မျက်လုံးတွေကိုကြည့်ရင်းပြောလိုက်တော့သည်''အရမ်းချစ်တယ် အားယံ မွ''
ကျူး အားယံရဲ့ပါးလေးကိုအားဘွားပေးကာ ပြေးထွက်လာတော့သည်''ဟာ ကျူး လူကိုနမ်းပီးတော့ဘာလို့ပြေးထွက်တာလဲ ကျွန်တော် ကျူးကိုမနမ်းရသေးဘူးလေ''
YOU ARE READING
My boyfriend is an author
Romanceစိတ်ကူးယဥ်ဝတ္ထုဖြစ်တာမို့ ပြင်ပလက်တွေနှင့်ကွာခြားနေနိုင်ပါသည်