''အားယံ ဆိုင်လေးက ငြိမ်သက်ပီးတော့ အေးဆေးတယ်နော် လူလည်းသိပ်မများဘူး ငါ တစ်ခါမှမရောက်ဖူးဘူး''
''ဟုတ်တယ် ကျွန်တော်လည်း ကြီးကြီးကချိန်းလို့သာ ဒီရောက်ဖူးတာ''
ညီတို့ ပြန်အဆင်ပြေသွားပီး ညနေ၆နာရီလောက်တွင် ကြီးကြီးချိန်းထားတဲ့ဆိုင်သို့ရောက်လာခြင်းဖြစ်သည် သူတို့စကားနေတုန်း waiterလေးကရောက်လာပီး သူတို့ကို ကြီးကြီးရှိတဲ့အခန်းထဲသို့လိုက်ပို့တော့သည်''သားတိမ်ယံ ရောက်ပီလား ကြီးကြီးကစောင့်နေတာ လာ လာ အော် ဒါနဲ့ သူက''
ကြီးကြီးက သူရောက်လာတာနဲ့ သူ့ဆီသို့အမြန်လာကာ ထိုင်ခုံပေါ်ထိုင်ဖို့လာခေါ်ပီး နောက်မှ ကျူးကို သတိထားမိသွားကာ သူ့ကိုမေးလာခြင်းဖြစ်သည်''သူ့နာမည်က တေးသီကာကျူးတဲ့ သားရဲ့ချစ်သူပါ''
''ဟုတ်လား သမီးကချစ်စရာလေးဘဲ သားတိမ်ယံနဲ့သိပ်လိုက်တာဘဲ''
''ဟုတ်ကဲ့ ကျေးဇူးပါ အန်တီ''
ကျူးလည်း ဘာပြောရမှန်းမသိတာနဲ့ထိုစကားသာဆိုလိုက်သည်''ကျူး ကြီးကြီးနာမည်က ဒေါ်သင်းသဒ္ဒါတဲ့ ''
''ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ် အန်တီ''
''သားတိမ်ယံလိုဘဲ ကြီးကြီးလို့ခေါ်လို့ရပါတယ် သမီးရဲ့ ဒါနဲ့သားတို့သမီးတို့ထိုင်ကြလေ''
ညီတို့ ထိုင်ခုံပေါ်ထိုင်လိုက်ချိန်တွင် ဟင်းပွဲတွေလည်းလာချပေးသွားပီး ထိုဟင်းပွဲတွေက ကြည့်လိုက်တာနှင့် အရသာရှိမည့်ပုံပင်
''ကြီးကြီး တုတုရောမပါဘူးလား ကျွန်တော်က သူ့ကို ကျူးနဲ့မိတ်ဆက်ပေးချင်နေတာ''
ညီ ကျူးက သူ့ကိုအထင်လွဲနေတာဖြေရှင်းရန် ထိုသို့ပြောလိုက်ခြင်းဖြစ်သည်''မပါဘူး သားရေ တကယ်တော့ သားကြီးကြီးနဲ့နှစ်ယောက်တည်းပြောချင်တာတွေရှိလို့''
ကျူးကိုကြည့်ကာ အသံပျော့သွားတဲ့ကြီးကြီးကြောင့် ကျူးကိုကြည့်လိုက်တော့ နည်းနည်းစိတ်ကသိကအောက်ဖြစ်သွားတဲ့ပုံမို့ သူကဘဲကြားဝင်ကာ''ကျူးက ကျွန်တော်ချစ်သူပါ သူ့ရှေ့မှာ ဘာမှဖုံးကွယ်စရာမလိုပါဘူး ကြီးကြီးလွတ်လွတ်လပ်လပ်ပြောလို့ရပါတယ်''
YOU ARE READING
My boyfriend is an author
Romanceစိတ်ကူးယဥ်ဝတ္ထုဖြစ်တာမို့ ပြင်ပလက်တွေနှင့်ကွာခြားနေနိုင်ပါသည်