ကျူး အလုပ်မှာ အလုပ်လုပ်နေရင်းက စာကျလာတာမို့ ကြည့်လိုက်တော့ အားယံဆီကဖြစ်သည်
''ကျူး အားလားဟင် ကျွန်တော်စာမပို့ဖို့ကြိုးစားပေမဲ့ လွမ်းလာလို့ပို့လိုက်တာ ကျူးမအားရင် စာမပြန်လို့ရတယ် ကျွန်တော် ဒီအတိုင်းပို့ချင်လာလို့''
''ဟင့်အင်း အားပါတယ် အလုပ်လည်းလုပ်တယ် စာလည်းပြန်လို့ရတယ်''
''ကျွန်တော်လေ ကျူးထွက်သွားပီး အိမ်ကိုပြန်ရောက်တော့ ကျွန်တော်နေမကောင်းတော့ဘူး''
''ဟင် ဟုတ်လား ဆေးခန်းတွေဘာတွေပြပီးပီလား''
''ကျွန်တော်အခြေနေက ဆရာဝန်ပြလို့မရတော့ဘူး''
''ဘာဖြစ်တာလဲ အားယံရယ် ဆရာတစ်ယောက်မဟုတ်တစ်ယောက်က ကုနိုင်လောက်မှာပါ အားယံကဘာမှဖြစ်လို့မရဘူးလေ ကျူးရဲ့ အသက်ကလေးမို့လို့''
''ဟောဗျာ ကျူးကတော့ကျွန်တော်ကိုကြွေအောင်လုပ်နေတာဘဲ ပီးတော့ ကျွန်တော်ရောဂါက ကျူးကုမှပျောက်မှာဗျ''
''အို ကျူးကဆရာဝန်မှမဟုတ်တာ''
''ဆရာဝန်သိပ်ဟုတ်တာပေါ့ဗျ ကျွန်တော်ရဲ့အလွမ်းဝေဒနါတွေကို ကုသပေးမယ့်အချစ်ဆရာဝန်မလေး''
''အားယံကတော့ကွာ ဒီကအဟုတ်မှတ်ပီး စိတ်ပူသွားတာကို စာရေးဆရာလို့မပြောရဘူး ဟွန့်''
''ကျွန်တော်ရေးတဲ့စာတွေထဲမှာ အချစ်အကြောင်းမပါဘူးဗျ အခုဟာတွေက ကျွန်တော်ခံစားချက် အစစ်အမှန်တွေပါဗျ''
''အားယံကချစ်ဖို့ကောင်းလိုက်တာ''
''ကျူးရဲ့ချစ်သူဘဲလေးဗျာ''
ရုံးခန်းက မှန်အကြည်ဖြစ်တာမို့ သူမလုပ်သမျှကိုမြင်နေရတဲ့ ဝန်ထမ်းတစ်သိုက်က သူတို့ဖွဲ့ထားတဲ့group chatကနေ ဖောက်သည်ချကြတော့သည်
''ဟဲ့ မမပုံက ရည်းစားတွေဘာတွေများရနေလားမသိဘူးနော်''
''ဟုတ်ပါ့ဟယ် ကွန်ပျူတာစခရင်ကြီးကိုကြည့်လိုက် ရီလိုက်နဲ့ လုံးဝကို အချစ်တွေပြည့်နေတဲ့ ဆယ်ကျော်သက်လေးအတိုင်းဘဲ''
''ငါတို့ မမပုံ့လို ရေခဲတုံးတစ်ပေါက်သမားကို အရည်ပျော်အောင်လုပ်နိုင်တဲ့သူကိုမြင်ဖူးချင်လိုက်တာဟယ်''
YOU ARE READING
My boyfriend is an author
Romanceစိတ်ကူးယဥ်ဝတ္ထုဖြစ်တာမို့ ပြင်ပလက်တွေနှင့်ကွာခြားနေနိုင်ပါသည်