''ယိမ်း အခုနင်ဘာလုပ်ဖို့စိတ်ကူးထားလဲ''
''မသိဘူး ငါသိတာက ဦးမာန်နဲ့ထပ်မတွေ့ချင်တော့တာဘဲ''
''အဲ့တာဆိုအကြွေးကိစ္စကရော''
''ငါမစဥ်းစားရသေးဘူး အခုတော့ ငါခနလောက်နားချင်သေးလို့''
''အေးပါ''
.
.
.
.
.
.
ကျူး တစ်ယောက်ထဲတုန်းကအပြင်မထွက်ဘဲနေလို့ရပေမဲ့ ယိမ်းပါရောက်လာပီမို့ လိုအပ်တဲ့အရာလေးတွေဝယ်ရန်အောက်ထပ်သို့ဆင်းလာစဥ် ကားပါကင်မှာ ကားအမည်းတစ်စီးထိုးရပ်လာပီး ထိုကားပေါ်မှ အနက်ရောင်suitဝတ်ဆင်ထားတဲ့လူတွေဆင်းလာပီ ထိုသူတွေထဲမှ ခေါင်းဆောင်လို့ထင်ရတဲ့သူကိုမြင်ဖူးသလိုရှိတာမို့ သေချာကြည့်နေရင်းက ကိုမာန်ဓန ဖြစ်နေတာမို့ သူမလည်း တိုက်ခန်းပေါ်သို့ ဝရုန်သုန်းကားပြေးတတ်ရတော့သည်သူမအခန်းထဲရောက်ချိန်တွင်အမောတောင်မဖြေနိုင်တော့ဘဲ အိပ်ပျော်နေတဲ့ယိမ်းကိုအတင်းလှုပ်နှိုးရတော့သည်
''ယိမ်း ထတော့ မိုးမီးလောင်နေပီ''
''ဟမ် ဟုတ်လား ဘယ်မှာလည်း သွားငြှိမ်းမယ်လာ''
သူမအိပ်ချင်မူးတူးနဲ့ ယောင်ကာ ပြောရင်းပြေးထလိုက်သည်''ဟဲ့ ဘယ်တွေသွားနေတာလဲ မိုးမီးလောင်တယ်ဆိုတာ ကိုမာန်ဓန ကားပါကင်မှာရောက်နေလို့ပြောတာဟဲ့''
''အော် အဲ့တာလား.. ဟမ် သူက ဘယ်ကနေဘယ်လိုရောက်လာတာလဲ''
သူမယောင်ဝါးဝါးပြောနေရင်းက ဦမာန်ဆိုတဲ့အသံကြောင့်လန့်သွားရသည်''ငါ့အထင် နင့်ဆီလာတာထင်တယ် သူ့နောက်မှာ လူတွေလည်းပါလာတယ် ငါတို့ကို တစ်ခုခုလုပ်မလို့လားမသိဘူး''
''မဟုတ်လောက်ပါဘူး သူလားငါ့ကိုရှာမှာ''
''သူ့အကြွေးတွေ နင့်ဆီမှာရှိတယ်လေ''
''ဟုတ်သား သူငါ့ကိုရှာစရာအကြောင်းကအကြွေးကိစ္စဘဲရှိတာကို''
''ဘာလုပ်ရင် ကောင်းမလဲစဥ်းစားစမ်းပါဟာ ငါကြောက်တယ်ဟ.... ငါအကြံရပီ နင်လာခဲ့''
သူမ ယိမ်းကိုခေါ်သွားတဲ့နေရာက
.
.
.
.
.ညီ ကျူးကိုမတွေ့ရပေမဲ့လည်း သူချက်ပေးထားတာကိုစားတယ်ဆိုတဲ့အသိကြောင့်ဝမ်းသာကြည်နူးမိပေမဲ့ အရင်ကလိုသူမနဲ့အတူတူပျော်ရွှင်နေတဲ့အချိန်တွေကိုလွမ်းမိနေပြန်သည်
ညီ ကျူးအကြောင်းတွေးနေတုန်း တံခါးခေါက်သံကြားလို့ တံခါးဖွင့်ကြည့်လိုက်တော့
YOU ARE READING
My boyfriend is an author
Romanceစိတ်ကူးယဥ်ဝတ္ထုဖြစ်တာမို့ ပြင်ပလက်တွေနှင့်ကွာခြားနေနိုင်ပါသည်