''ဘာလုပ်နေတာလဲ ပုံပုံ''
''စားပွဲပေါ်မှာ စာရွက်တွေရှုပ်နေလို့ရှင်းပေးနေတာပါ အဆင်မပြေလို့လားဟင်''
''မဟုတ်ပါဘူး ကိုယ်ပီးပီ ပြန်ကြရအောင်လေ''
''အွန်း''
ကျူး စာရွက်စာတမ်းတွေကိုအိတ်ထဲထည့်နေတုန်း တံခါးလော့ခ်ဖွင့်သံကြားလိုက်တာမို့ ထိုစာရွက်တွေကို အိတ်ထဲအမြန်ထည့်ပီး စာပွဲပေါ်က စာရွက်တွေကို ရှင်းသလိုလုပ်နေလိုက်တာကြောင့် စစ်ကိုဖြေရှင်းချက်ပေးလိုက်နိုင်တာမို့ သက်ပြင်းယဲ့ယဲ့သာချလိုက်ပီး စစ်နဲ့အတူအပြင်သို့ထွက်လာလိုက်တော့သည်
''မိုးလည်းမချုပ်သေးဘူးဆိုတော့ ကိုယ်တို့ဖိနပ်ဆိုင်ကိုဝင်ကြတာပေါ့''
''ငါရှိတဲ့ဖိနပ်ဘဲစီးလိုက်တော့ အိမ်မှာမစီးရသေးတဲ့ဖိနပ်တွေအများကြီးရှိတယ်ရယ် အခု ငါနေလို့သိပ်မကောင်းလို့''
''ဟင် ဘယ်နားကနေမကောင်းဖြစ်တာလဲ ဆေးခန်းတို့ဘာတို့သွားပြကြရအောင်လေ''
''အဲ့လောက်ကြီးမလိုပါဘူး အိမ်ပြန်ပီးနားလိုက်ရင်အဆင်ပြေသွားမှာပါ ငါကိုအိမ်ဘဲပြန်ပို့တော့နော်''
''ဟုတ်ပါပီ ''
.
.
.
.
.
.
.
''စစ် ငါအိမ်ထဲဝင်တော့မယ်နော်''''အင်း ဂရုစိုက် နေလို့အဆင်မပြေဖြစ်ရင် ငါ့ကိုဖုန်းဆက်နော်''
''တစ်လမ်းလုံးလည်း ကျန်းမာရေးဂရုစိုက်ဖို့ကြည့်ပြောနေတာ ငါအလွတ်တောင်ရနေပီ ပီးတော့ မေမေတို့လည်းရှိပါတယ် အရမ်းကြီးစိတ်မပူပါနဲ့''
''ငါက ချစ်ရတာကို နင်ဒီခံစားချက်ကိုသိမှာမဟုတ်ပါဘူး''
''ငါ ဝင်ပီနော်''
ကျူး အိမ်ထဲသို့ဝင်လာတုန်း စစ်ပြောတဲ့စကားကိုအပြင်မှာမပြောဖြစ်ခဲ့ပေမဲ့သူမစိတ်ထဲမှာတော့ နင်ပြောတဲ့ ခံစားချက်ကို ငါသိပ်နားလည်တာပေါ့ စစ်ရယ် ငါက နင့်ကိုနှစ်ပေါင်းများစွာခိုးချစ်ခဲ့ရတာ နင်နေမကောင်းရင် ငါစိတ်ပူရသလို နင်ဘေးမှာ ငါမဟုတ်တဲ့မိန်းကလေးရှိနေတာကိုလည်း ဝမ်းနည်းခဲ့ရတယ် အဲ့ဒီခံစားချက်တွေက ခံရခက်လွန်းတယ် ဒါပေမဲ့ လွှတ်မချချင်ခဲ့ဘူး အဲ့လောက်ထိကို နင့်ကိုချစ်ခဲ့တာ ဒါပေမဲ့လူတစ်ယောက်ကိုချစ်တယ်ဆိုတာ အတိုင်းအတာတစ်ခုတော့ရှိတယ် အဲ့လူရဲ့ဆိုးခြင်းတွေကိုအချိန်အကြာကြီးသည်းခံပီးနေရင်းက အဲ့လူကိုချစ်တဲ့အချစ်ထက် နာကျင်မှုကများလာတဲ့အခါကျရင် သိပ်ကိုချစ်မြတ်နိုးပါတယ်ဆိုတဲ့လူကဘဲ အဲ့ချစ်တဲ့စိတ်ကိုလွှတ်ချသွားနိုင်ကြတာ အခုချိန်မှာတော့ ငါ့နှလုံးသားထဲမှာ အားယံဘဲရှိတော့တယ် စစ် ငါတို့က wrong time wrong personဖြစ်ခဲ့ကြတာဘဲ
YOU ARE READING
My boyfriend is an author
Romanceစိတ်ကူးယဥ်ဝတ္ထုဖြစ်တာမို့ ပြင်ပလက်တွေနှင့်ကွာခြားနေနိုင်ပါသည်