''မေမေတို့ရေ သမီးပြန်လာပီ''
ကျူး မေမေတို့အိမ်သို့ရောက်ချိန်တွင် ဘယ်သူ့ကိုမှမတွေ့တာမို့ သူမအပေါ်ထပ်သို့တတ်လာလိုက်တော့သည်''မေမေရေ ဖေဖေ ဘယ်များသွားကုန်ကြပါလိမ့်''
''မေမေဒီမှာ သမီးရေ''
အပြင်ဘက်ဝရံတာက အသံကြားတာမို့ သူမလည်း ဝရံတာဘက်သို့ထွက်လာလိုက်ချိန်တွင်မြင်လိုက်ရတဲ့အရာကြောင့် သူမလည်း ရီချင်စိတ်ကိုမျိုသိပ်ကာ အကျိုးအကြောင်းမေးရတော့သည်''ဖေဖေကဘာလို့ဒူးထောက်ပီးလက်မြှောက်နေတာလဲ ကြီးကောင်ကြီးမားနဲ့ကို''
''သမီး မေမေပေါ့ ဖေဖေကိုအနိုင်ကျင့်နေတာ''
''ဟင် ဟုတ်လား ဘာဖြစ်လို့လဲမေမေ''
သူမလည်း ကုလားထိုင်ပေါ်မှာ လက်ပိုက်ရက်အနေထားနဲ့မိန့်မိန့်ကြီးထိုင်နေတဲ့မေမေကို မေးရတော့သည်''နင့်အဖေလေ ကြီးကောင်ကြီးမားနဲ့ktvသွားသတဲ့ မရှက်ဘူးလားမသိဘူး လက်က ဘာလို့ချနေတာလဲ ပြန်မြှောက်''
''မေကြီးကလည်း အော်လိုက်တာ ဖြေးဖြေးပြောလည်းရပါတယ်''
''မပြောနိုင်ဘူး အဲ့လိုအပြောခံချင်ရင် ktvကဟာမလေးတွေကိုပြောခိုင်း''
''ဟာ မေကြီးကလည်း ဖေကြီးက သီချင်းသွားဆိုတာပါ ကျန်တာဘာမှမလုပ်ပါဘူး''
''သီချင်းဆိုချင် အိမ်မှာဆိုရနေတာကို ဘာကိစ္စအဲ့သွားတာလဲ''
''အဲ့တာက သူငယ်ချင်းတွေကခေါ်လို့ပါ''
''သူငယ်ချင်းက ချီးကျွေးရင်စားမှာလား''
''ဟို အဲ့တာက မဆိုင်ဘူးလေကွာ''
''ကဲပါ မေမေရယ် ဖေဖေလည်းတစ်ခါတစ်လေလေး အပျင်းပြေသွားတာပါဆူမနေပါနဲ့တော့ ပီးတော့အခုပုံကို သူများတွေမြင်သွားရင် ရှက်စရာကြီးလေ နော်မေမေ''
''ကောင်းပီလေ အဲ့တာဆို ရှင်ထတော့''
''ဟာ ဝမ်းသာလိုက်တာမိန်းမရယ
'' မိပုံ နင် ငါအနားလာခဲ့''
''ဘာပြောမလို့လဲ မေမေ''
''လာပါ ဒီနားတိုးခဲ့''
သူမလည်း မေမေအနားသို့ တိုးကပ်သွားချိန်တွင် မေမေက သူမနားကို အတင်းဆွဲတာကြောင့် သူမအော်ရတော့သည်
YOU ARE READING
My boyfriend is an author
Romanceစိတ်ကူးယဥ်ဝတ္ထုဖြစ်တာမို့ ပြင်ပလက်တွေနှင့်ကွာခြားနေနိုင်ပါသည်