''အား နာတယ် လွှတ်နော်''
''အဲ့တာ ဘာတွေဖြစ်နေကြတာလဲ''
''မဟုတ်ပါဘူး အသစ်ရောက်လာတာတဲ့ ညီမလေးက ဒီနေရာနဲ့သိပ်မရင်းနှီးတဲ့ပုံမလို့ ရင်းနှီးအောင် သင်ပြပေးနေတာပါ နော့''
ထိုအဒေါ်ကြီးက မျက်ရိပ်မျက်ကဲပြကာ ဒေါ်သွေးကလျာနီကို ဖောရှောလိုက်ခိုင်းနေတယဖြစ်ပီး ဒေါ်သွေးကလျာနီ အမြင်ကတ်ကတ်ဖြင့် တိုင်ဖို့ပြင်လိုက်စဥ်တွင်'' ေဒါ်သွေးကလျာနီ အပြင်မှာဧည့်တွေ့ရောက်နေတယ်''
''ဟင် ဟုတ်လား လာပီ''
သူမ စိတ်ထဲမှာ မောင်က သူမကိုလာတွေ့တာဟုထင်သောကြောင့် ခုနက ရှုပ်ပွသွားတဲ့ဆံပင်တွေကို လက်ဖြင့်သပ်ကာ ဧည့်တွေ့ဆောင်ကို သွားလိုက်တော့ မြင်လိုက်ရတဲ့သူကြောင့် သူမကဲ့မျက်နှာဟာ တည်တင်းသွားတော့သည်''မင်းကို နိုင်ငံခြားကိုအပီးပြန်ဖို့ပြောထားတာကို ဘာလို့ဒီမှာရှိနေတာလဲ သွား ဒါမင်းလာသင့်တဲ့နေရာမဟုတ်ဘူး''
''ကျွန်တော်လည်း မလာချင်ပါဘူး ဒီနေ့ပီးရင် နိုင်ငံခြားကိုအပီးသွားတော့မှာ မသွားခင် မေမေကိုလာတွေ့သင့်တယ်ထင်လို့''
''မလိုဘူး စစ် မင်းက ဒီထောင်ဆိုတဲ့နေရာနဲ့မအပ်စက်ဘူး ဒါကြောင့် အခုပြန်တော့'
''မေမေမှာ ပြောစရာစကားမရှိဘူးလား ကျွန်တော်ရဲ့ဘဝအမှန်နဲ့ပတ်သတ်ပီးတော့လေ''
''မင်းသိပီးသားမဟူတ်လား ဘာလို့ ထပ်ပီးသိချင်နေရတာလဲ''
''ဘာလို့လည်း ဘာလို့ ကျွန်တော့်ရဲ့အဖေအရင်းကို မပြောပြခဲ့တာလဲ အဲ့နေ့ကသာ မပြောဖြစ်ခဲ့ရင် မေမေ ကျွန်တော်ကိုတစ်သက်လုံးပြောသွားဖို့ အစီအစဥ်မရှိဘူးလား ဟင်''
''အင်း ပြောဖို့အစီအစဥ်မရှိဘူး ဘာဘဲဖစ်ဖြစ် မင်းလည်း ကိုသွေးကို အဖေအဖြစ်သဘောထားခဲ့တာဘဲမလား ပီးတော့ အဲ့လိုလုပ်တာက မင်းဘဝတတ်လမ်းကြည့်ဘဲ တကယ်လို့ မင်းက ကိုသွေးရဲ့သားမဟုတ်ဘူးဆိုတာသာ သိရင် မင်းရဲ့ငါရော အခုလိုမျိုးနေနိုင်မှာမဟုတ်ဘူး ဒီလိုလုပ်ခဲ့ရလို့ ငါတစ်ခါမှနောင်တမရခဲ့ဖူးဘူး''
YOU ARE READING
My boyfriend is an author
Romanceစိတ်ကူးယဥ်ဝတ္ထုဖြစ်တာမို့ ပြင်ပလက်တွေနှင့်ကွာခြားနေနိုင်ပါသည်