''ပုံ့ပုံမ ktvလာတာကို ဘာလို့မုန့်တွေပါဆယ်ထုပ်လာတာလဲ''
''ငါအိမ်ကျစားဖို့ပေါ့ဟဲ့ နင်ကိုလျှာရှည်တယ် လာအခန်းသွားငှားမယ်''
''မသာမ ဒါလေးမေးတာကိုရွဲ့သလိုလို စောင်းသလိုလိုနဲ့ ဟွန့်''
သူမလည်းပြောပီး ရှေ့ကအရင်ထွက်သွားတဲ့ ပုံ့ပုံနောက်အပြေးလိုက်တော့သည်
.
.
.
.
.
''ညီမလေးတို့မရောက်တာတောင်ကြာပီနော်''''ဟုတ်တယ် အလုပ်တွေရှုပ်နေလို့ ထုံးစံအတိုင်းလူမခေါ်ဘူး ဘီယာ၅ပုလင်းနဲ့အမြည်းလေးတွေအရင်ချပေး လိုမှထပ်မှာမယ်''
''ဟုတ်ပါပီရှင် ရှေ့တည့်တည့်ကအခန်းက ညီမလေးတို့ဖို့ဘဲ''
''ok''
သူမတို့လည်းပြောပီး အခန်းဆီသို့သွားပီး အခန်းထဲကဆိုဖာပေါ်မှာ အရင်အနားယူလိုက်ကြသည်အတန်ကြာတော့ မှာထားတဲ့အမြည်းနဲ့ဘီယာတွေလာချချိန်တွင် သူမတို့လည်း ဘီယာပုလင်းကိုဖောက်ကာ ခွက်နှစ်ခွက်ထဲအပြည့်ထည့်ပီး တစ်ကျိုက်တည်းမော့သောက်ကာ အမောဖြေလိုက်ကြသည် ထို့နောက် ရီမုယူကာ သီချင်းဆိုရန် သီချင်းစရှာလိုက်တော့သည် ယိမ်းကတော့ အမြည်းစားလိုက် ဘီယာသောက်လိုက်နဲ့အလုပ်ရှုပ်နေပီး ပုံ့ပုံ့ကတော့ သီချင်းဆိုရန် မိုက်ကိုကိုင်ကာ ချောင်းဟန့်ပီး ဘန်နီဖြိုး နဲ့ ထက်ထက် ကာဗာဆိုထားတဲ့ အိပ်မက်ရဲ့အသက်သီချင်းကို စဆိုတော့သည်
🎼ငိုမနေပါရစေနဲ့ ဒီီဝဋ်ကျွေးတွေလည်း
ကျေပါစေတော့အချစ်ရာ မဆုံနိုင်မှာကိုဆိုးတာ🎼''မသာမ ဆိုစရာရှားလို့ဒီသီချင်းဆိုရလား တစ်ခြားသီချင်းပြောင်းဆို''
''ငါကြိုက်လို့ငါဆိုတာ ဘာလည်း exကြီးကိုမမေ့နိုင်သေးဘူးလား''
''ဘာကိစ္စမမေ့နိုင်ရမှာလည်း ပြီးတော့ငါ့မှာexတွေအများကြီးရှိတာ သူတို့ကိုမှတ်တောင်မမှတ်မိတော့ဘူး ဟွန့်''
''ငါပြောတဲ့exကိုနင်သိပါတယ် နင်ကမေ့ပီးဆိုလည်းမေ့ပီပေါ့ ငါကတော့ဒီသီချင်းကိုဆိုမှာဘဲ ကြိုက်ရင်နားထောင် မကြိုက်နားပိတ်ထား နင်နဲ့စကားပြောရတာအချိန်ကုန်တယ် သီချင်းကိုအစကနေဘဲပြန်ဆိုတော့မယ်''
YOU ARE READING
My boyfriend is an author
Romanceစိတ်ကူးယဥ်ဝတ္ထုဖြစ်တာမို့ ပြင်ပလက်တွေနှင့်ကွာခြားနေနိုင်ပါသည်