''နင် မျက်စိအားနည်းနေတာလား အားယံ နေမကောင်းဘူးလား ကြည့်ရအောင်''
သူမအားယံရဲ့နဖူးကို လက်ဖြင့်စမ်းလိုက်သည်''ကျွန်တော်နေကောင်းပါတယ်ဗျာ ကျူးကလည်း''
''အဲ့တာဆို ဘာလိုမျက်စိတွေခနတိုင်းမှိတ်ပီး မပြောဖူးတာတွေပြောနေတာလဲ''
''ကျူးကလည်း ကျွန်တော်ကကျူးရင်ခုန်အောင် ရိုမန့်တစ်ဆန်ဆန်လေးပြောနေတာလေ ကိူးက ရင်မခုန်ဘူးလားဗျာ''
''ငါက နင်ရိုနေတယ်လို့မထင်ဘူး အကြောလိုက်နေတယ်လို့ထင်လိုက်တာ ဟဲ ဟဲ''
''ကျူးရာ ကျွန်တော်တော့ရင်ခံသွားပီပြန်ဗျာ''
''နင်အရင်က ဒီလိုတွေမလုပ်ဖူးပါဘူး အခုမှဘာလို့ဒီလိုတွေလုပ်နေတာလဲ''
''အံမင်းကပြောတယ် ကျွန်တော်နဲ့ကျူးက ရည်းစားတွေဖြစ်သွားပီဆိုတော့ အရင်လိုနေလို့မရတော့ဘူးတဲ့ ချစ်သူတွေရဲ့ဘဝက နေ့ရက်တိုင်းရင်ခုန်ဖို့ကောင်းနေမှ မငြီးငွေ့သွားဘဲ အချိန်ကြာကြီးလက်တွဲသွားနိုင်မှာတဲ့''
''အားယံ ငါပြောမယ် သေချာနားထောင်သမီးရည်စားဖြစ်သွားလို့ဆိုပီး ငါတို့ကြားမှာပြောင်းလဲသွားတာမရှိဘူး အဲငါပြောတာက နင်ကိုယ်နင်အတင်းလုပ်ယူနေစရာမလိုဘူး ငါအတွက်တော့ နင်နဲ့အတူရှိနေတဲ့အချိန်တိုင်း ရင်ခုန်နေတာ ပီးတော့ ငါက နင့်ရဲ့ပင်ကိုယ်ပုံစံလေးကိုဘဲသဘောကျတာ ငါကြောင့်ဆိုပီးပြောင်းလဲစရာမလိုဘူး ဟုတ်ပီလား''
သူမ ထိုင်နေတဲ့ အားယံရဲ့ဆံပင်လေးတွေကို သပ်ကာပြောလိုက်သည်''ကျူး ကျွန်တော်လည်း ကျူးနဲ့ရှိနေတဲ့အချိန်တိုင်းရင်ခုန်တယ် ပီးတော့ ကျူးအခုလိုမျိုး ကျွန်တော်ကိုစိုက်ကြည့်ပီးဆံပင်သပ်ပေးတဲ့အချိန်ကျတော့ အရင်ကထက်ကိုရင်တွေပိုခုန်ပီး မျက်နှာတွေလည်းပူလာတယ်ဗျ''
သူ ခေါင်းကိုအောက်ငုတ်လိုက်ပီး ခေါင်းကုတ်ကာပြောလိုက်သည်''ဟောတော့ ဖြစ်ရလေ အဟင်း ဟင်း ''
သူမ အားယံရဲ့အပြောကြောင့်ထိုင်ခုံပေါ် ထိုင်ချကာ ဗိုက်နှိပ်ပီးရယ်နေမိတော့သည်''ကျူး မရီနဲ့''
ခပ်တည်တည်နဲ့ပြောလာတဲ့ အားယံကြောင့် သူမစိတ်လှုပ်ရှားသွားပီး
''ဘာဖြစ်လို့လဲ ငါရီတာ မကြိုက်လို့လား''
သူမ စိုးရိမ်တကြီးမေးလိုက်မိသည်
YOU ARE READING
My boyfriend is an author
Romanceစိတ်ကူးယဥ်ဝတ္ထုဖြစ်တာမို့ ပြင်ပလက်တွေနှင့်ကွာခြားနေနိုင်ပါသည်