ကျူး လိမ္မော်သီးစိပ်ကလေးကိုပါးစပ်ထဲထည့်ကာ ဝါးစားနေတုန်း အားယံက သူမအနားသို့ကပ်ကာ သူမနှုတ်ခမ်းတွေကိုနမ်းပီး သူမရဲ့အာခံတွင်းထဲသို့ သူ့ရဲ့လျှာကိုဝင်စေကာ ဝါးနေတဲ့လိမ္မော်သီးစိပ်ကို သူမပါးစပ်ထဲသို့ယူသွားကာ ဝါးစားနေတော့သည်
''အားယံ အဲ့တာဘာလုပ်တာလဲ''
ကျူး မထင်မှတ်ထားတဲ့လုပ်ရပ်ကြောင့် ရင်ခုန်သံတွေမြန်လာပီးကြောင်တောင်တောင်လေးမေးလိုက်သည်''လိမ္မော်သီးခွံကျွေးတုန်းက မစားဘဲနဲ့ ဘာလို့ငါစားမှ....''
ကျူးရှက်စိတ်ကြောင့် ထပ်မပြောရဲတော့ခေါင်းကိုငုံ့ထားလိုက်မိသည်''ကျူးဆီကဟာကစားကောင်းလို့လေ ပီးတော့ အခုကရှက်နေတာလား ဟင် ဟုတ်လားပြပါအုံး ရှက်နေတဲ့မျက်နှာလေးကို ''
ညီ ကျူးရဲ့ငုံနေတဲ့မျက်နှာလေးကိုလှမ်းကိုင်တော့ သူမကအကိုင်မခံဘဲအကြောက်အကန်ငြင်းရှာသည်''အားယံ နင်နော် မစနဲ့ သွားမခေါ်တော့ဘူး''
ကျူး ခေါင်းငုံ့ထားရက်နဲ့အားယံရဲ့ကိုယ်လုံးကြီးကို တွန်းပစ်နေမိသည် ထိုအခါ အားယံက သူမကို သူရင်ခွင်ထဲသို့ အတင်းဖက်ထားပီး ငုံ့နေတဲ့ သူမ မျက်နှာကို မရမကလိုက်နမ်းတော့သည်''ကျူးကလည်း သမီးရည်းစားတွေဘဲ ဖြစ်နေပီ ဘာလို့ရှက်နေတာလဲ ဟင်ပြောပါအုံး''
''မသိဘူးဟာ သူ့ဟာသူရှက်နေတာ''
''ဟောဗျာ ကျူးကတော့ ကျွန်တော်ကိုရင်ခုန်အောင်လုပ်နေတာဘဲ ကျွန်တော်တို့နမ်းကြရအောင်''
''ဟာ မနမ်းချင်ပါဘူးဆို''
''ကျူးကလည်းဗျာ ကျွန်တော်ခနနေရင် ညစာစားပီး အလုပ်သွားရတော့မှာကို အားဖြည့်ပေးလေဗျာ ပီးတော့ ရောက်ကတည်းက ကျူးကစိတ်ဆိုးနေတာကိုဗျာ''
''ဒါပေမဲ့ နင်ခုနက ငါ့ကိုနမ်းတယ်လေ''
''ဟာ ဘယ်တုန်းကနမ်းလို့လဲ ခုနက လိမ္မော်သီးတာကို နမ်းရအောင်ပါနော် ကျူး ကျွန်တော့်ကိုမသနားဘူးလားဗျာ''
သနားစဖွယ်အသံလေးနဲ့ပြောပြန်တော့လည်း ဟောဒီကချသ်နေရတဲ့သူက မလိုက်လျောဘဲမနေနိုင်တော့ပေ
YOU ARE READING
My boyfriend is an author
Storie d'amoreစိတ်ကူးယဥ်ဝတ္ထုဖြစ်တာမို့ ပြင်ပလက်တွေနှင့်ကွာခြားနေနိုင်ပါသည်