အပိုင်း{8}

150 9 2
                                    

မင်းကိုမောင်မောင် ဟိုကောင်လေးဆီက အပြန်လယ်ဘက်ကို တစ်ခါတည်းဝင်လာခဲ့သည်။လယ်ထဲအလုပ်လုပ်နေသည့် ဦးမင်းညိုက သူ့ကိုမြင်တော့ လှမ်းအော်လေသည်။

"ဝေ့....မင်းကို နောက်ကျ
လှချည်လား.."

ဦးမင်းညိုက လက်ကာပြ၍ပြောလာတာကြောင့် သူလည်းအသံအနည်းငယ်မြှင့်၍ အော်ပြောလိုက်သည်။

"ဟုတ်တယ်..ကျောင်းဆရာလေးကို ထမင်းချိုင့်သွားပို့နေလို့"

"အေး အေး အေး...မင်းမလဲ မေးလိုက်ရင် အဲ့ဒီကျောင်းဆရာလေးကို ထမင်းချိုင့်သွားပို့နေလို့ ကြီးပဲပြောနေတယ်"

မင်းကိုမောင်မောင် ဦးမင်းညိုကို မည်သည်မှပြန်မဖြေမိပါ။သို့ပေသည့် အတွင်းစိတ်ထဲကနေတော့ပြောမိ၏။

နောင်တစ်ချိန်ကျရင်လည်း
လုပ်ပေးရမဲ့ တာဝန်ကျုပ်မှာ
ရှိလို့ပေါ့ဗျာ။

ထိုအတွေးစလေးကြောင့်
မင်းကိုမောင်မောင် ပြုံမိပြန်ပါသည်။တကယ်ပါ သူ အဲ့ဒီကောင်လေးနဲ့ပတ်သက်ရင် မြှူမှုန်လေးကအစ ပြုံးနေမိတာမျိုး။
ဟာ...မသိတော့ဘူး။မင်းကိုမောင်မောင် ခေါင်းကိုအသာခါယမ်း၍
လယ်ထဲသာဆင်းခဲ့လိုက်သည်။

နှစ်နာရီ သုံးနာရီခန့်လောက်
အလုပ်လုပ်ပြီး၍ မင်းကိုမောင်မောင် ဟိုကောင်လေးကိုသွားကြိုဖို့ပြင်ရသည်။ထို့ကြောင့် အိမ်ကိုအပြေးပြန်ကာ ရေမိုးချိုး၍ နွားလှည်းဖြင့် ထိုကောင်လေးဆီသို့ ထွက်လာခဲ့လိုက်သည်။

စာသင်ကျောင်းရောက်တော့ မန်ကျည်းပင်ကြီးရှိရာ ကြည့်မိတော့ ဟိုကောင်လေးကိုမတွေ့သဖြင့် မင်းကိုမောင်မောင် စိတ်ပူသွားရသည်။နွားလှည်းကို အမြန်ရပ်ကာ စာသင်ကျောင်းအတွင်း အပြေးတစ်ပိုင်းဝင်သွားမိသည်။ခြေလှမ်းများသည် ၄တန်းရှိရာသို့ ဦးတည်သွားနေသည်မှာ အသေအချာ။၄တန်းအရှေ့ရောက်တော့ အခန်းတွင်းမပြေးရုံတမယ်ဝင်သွားမိသည်။

အခန်းတွင်းရောက်တော့ မည်သူ
တစ်ဦးတစ်ယောက်ကိုမှ မတွေ့တာ
ကြောင့် လွန်စွာစိတ်ပူသွားရပြန်သည်။သူလာတာ နောက်ကျသွားလို့ ပြန်နှင့်ပြီလားဆိုသည့်အတွေးဖြင့် နွားလှည်းရှိရာသွားကာ အိမ်သို့ဦးတည်စေလိုက်သည်။

မောင့် ခွန်းငယ် Where stories live. Discover now