မိုးကညှာ စိတ်ထဲကနေ လှနုကိုကြိမ်ဆဲနေမိသည်။အရှေ့က ကိုကြီးမောင်မောင်ရဲ့မျက်စောင်းကြောင့် သူမကျောချမ်းရသည်မှာ ဘယ်နှခါမျှမှန်းမသိတော့ပေ။
"ကျုပ်တို့သွားတော့မယ်"
ကီုကြီးမောင်မောင် စကားကြောင့် မိုးကညှာတစ်ယောက် ကပြာ
ကယာဖြင့် ပြန်ဖြေလိုက်သည်။"ဟုတ်..ဟုတ်ကဲ့ပါ
ကိုကြီးမောင်မောင်"ကိုကြီးမောင်မောင်သည် လှည့်ပြန်မည်အပြုတွင် ရပ်လိုက်ပြီး သူမတို့ဘက်သို့ ပြန်လှည့်ကြည့်လာသည်။ထို့နောက် ကိုကြီးမောင်မောင်ပြောလိုက်သည့် စကားကြောင့် သူမတစ်ကိုယ်လုံး ထုံကျင်သွားရသည်။
"မင်း သူငယ်ချင်းကို ပြောထားပါ။ နောက်တစ်ခါ ကျုပ်အပိုင်ရဲ့အကြောင်းကို ကျုပ်ကလွဲပြီး
မပြောမိစေနဲ့။သွားမယ်
ကောင်လေး"ဘေးက ကျောင်းဆရာလေးရဲ့ လက်ကိုဆွဲပြီး ထွက်သွားတဲ့ ကိုကြီးမောင်မောင်ရဲ့ကျောပြင်ကို ကြည့်ပြီး ဘေးကလှနုကို ထုရိုက်ချင်စိတ်များဖြစ်ပေါ်လာရသည်။ဒီကောင်မ လှနုကြောင့် သူမအပြောခံရသည်
မဟုတ်လား။လှနတစ်ယောက် ကိုကြီးမောင်မောင်တို့ ထွက်သွားတာကို
ကြည့်နေခိုက် ဘေးကမိုး
ကညှာသည် သူမ၏လက်မောင်းသို့ အဆက်မပျက် ရိုက်လာလေသည်။ပါးစပ်ကနေလည်း သူမကို အမျိုးစုံသော ဆဲနည်းပေါင်းစုံဖြင့် ဆဲနေပေသည်။"ကောင်မအစုပ်ပလုတ်..။
သောက်ကောင်မ။နင့်ကြောင့်
ငါအပြောခံရတာ...အင့်ဟယ်
သေစမ်း ငမဲမ"ပြောရင်း ဆံပင်တွေပါ ဆောင့်ဆွဲလာတဲ့ မိုးကညှာကြောင့် သူမငြိမ်ခံနေလို့မရတော့ပေ။ပြီးတော့
ဘာတဲ့....ငမဲမလို့က ပြောသေးတယ်။ထို့ကြောင့် သူမ၏ဒေါသမီးတို့မှာ မကြာခင်ပေါက်ကွဲတော့မည့် မီးတောင်သဖွယ်ဟုန်းဟုန်းတောက်လို့နေသည်။"ဟဲ့! မိုးကညှာ..ငါက မဲတာ
မဟုတ်ဘူး။ ညိုတာဟဲ့ ညိုတာ!။
နင်တို့လို တောသူမတွေဘယ်သိ
ပါ့မလဲ ဒါကို ညိုချောလို့ခေါ်တယ်ဟဲ့။ ပြောလည်း သိမှာမဟုတ်ပါဘူး""အောင်မလေး...ငါ့ကိုများတောသူမတဲ့!! ။သူကြတောသူမ မဟုတ်တာကြနေတာပဲ။ပြီးတော့ ဘာကိုညိုချော မဲရင်မဲတယ်ပေါ့။ညင်းမဲတာ တစ်ရွာလုံးသိတယ်ဟဲ့!"
YOU ARE READING
မောင့် ခွန်းငယ်
Non-Fictionကျုပ်ခွန်းငယ်ကိုသဘောကျတယ်။ ကျုပ်ရဲ့ချစ်ရသူ အဖြစ်နေပေးပါ။ ကျုပ်ရဲ့ ခင်ပွန်းအဖြစ်နေပေးပါ။