နေရောင်ခပ်စူးစူးက မျက်နှာပေါ်သို့ တိုက်ရိုက်ဖြာကျနေသဖြင့် မျက်ခုံးတို့ကို တွန့်ချိုးပြီး အိပ်မှူးစုတ်ဖွားရုပ်လေးဖြင့် အပြင်းကျောဆန့်ကာ အိပ်ရာကနေ ထလိုက်သည်။ဘေးဘက်ကိုကြည့်လိုက်တော့ အကိုက ရှိမနေ။အိပ်ရာခင်းကို လက်နဲ့စမ်းကြည့်လိုက်တော့ ခပ်နွေးနွေးဖြစ်နေတာကြောင့် အကိုထသွားတာမကြာသေးမှန်း ခန့်မှန်းမိလိုက်သည်။ဒါနဲ့ သူလည်း ကုတင်ပေါ်မှ ထကာ မတ်တည့်ရပ်လိုက်ပြီး ညတုန်းက ချုံအိပ်ထားတဲ့ ဆောင်ကို သပ်သပ်ရပ်ရပ်ဖြစ်အောင် ပြန်ခေါက်လိုက်သည်။သူဆောင်ခေါက်ပြီးတာနဲ့ တစ်ပြိုင်နက် အကိုက ရေချိုးခန်းထဲကနေ ထွက်လာ၏။သူလည်း အကို့ဘက် လှည့်ကြည့်၍။
"ဘာလို့ ကျွန်တော့်ကို မနှိုး.."
သူ့စကားများကို ပျက်တောက်သွားစေတဲ့ အရာသည်..။အိပ်ရာထကာစမို့ ဆံပင်ခပ်အုပ်အုပ်တို့မှာ ဟိုတစ်ဆ သည်တစ်ဆ ထိုးထွက်နေသည်။မို့အစ်အစ်ပါးနှစ်ဖက်မှာတော့ အရင်လိုပင် ဖောင်းကစ်နေဆဲ။မတူတော့တာကတော့.....ထိုဖောင်းကစ်နေတဲ့ ပါးနှစ်ဖက်သည် နီဆွေးသွားလျက် မျက်ဝန်းအိမ်ဝိုင်းဝိုင်းတို့ကလည်း ပို၍ဝိုင်းစက်သွားကြသည်။
"အားး! သွားသွား ရေချိုးခန်းထဲပြန်ဝင်!"
စစ်ခွန်းချစ်မျက်လုံးတို့ကို အတင်းမှတ်လျက် အကို့ကို ရေချိုးခန်းထဲရောက်အောင့် သူ့ခန္ဓာကိုယ်သေးသေးလေးနဲ့ တွန်းပို့နေရသည်။အကြောင်းကာ အကိုသည် အောက်ပိုင်းကို သပတ်တစ်ထည်ပဲ ပက်ကာ အပေါ်ပိုင်းဗလာဖြင့် ထွက်လာခြင်းကြောင့် ဖြစ်သည်။
သူအကို့ကို အပေါ်ပိုင်းဗလာဖြင့် ခနခနမြင်ဘူးပေမဲ့ အခုလို အောက်ပိုင်းကို သပတ်တစ်ထည်ပဲ ပတ်ထားတာကြတော့ အို...မဖြစ်သင့်ပါဘူး။
"ဘာဖြစ်လို့လည်း..ကောင်လေးရဲ့"
အကိုက ရယ်သံသွေးလျက် ပြောလာသည်။သူအကို့ကို ဆူပုတ်ပြီး မော့ကြည့်လိုက်တော့ အို...ချောလိုက်တာမှလေ..ငါ့ကောင်လေးကြနေတာပဲ တကယ်လည်း ငါ့ကောင်လေးပါပဲလေ။
စစ်ခွန်းချစ်အတွေးနယ်ချဲ့နေတာကိုရပ်ကာ အကို့ကို ရန်တွေ့ဖို့ပြင်လိုက်သည်။
YOU ARE READING
မောင့် ခွန်းငယ်
Non-Fictionကျုပ်ခွန်းငယ်ကိုသဘောကျတယ်။ ကျုပ်ရဲ့ချစ်ရသူ အဖြစ်နေပေးပါ။ ကျုပ်ရဲ့ ခင်ပွန်းအဖြစ်နေပေးပါ။