ယနေ့ကား စနေနေ့
ဖြစ်၍ ကျောင်းပိတ်လေသည်။
ထို့ကြောင့် စဝ်ခွန်းချစ်တစ်ယောက် အကို့အိမ်တွင် သောင်တင်နေသည်။ဟိုတစ်နေ့က အကို
လုပ်လိုက်တာ သူ ညဆယ့်နှစ်နာရီမှ သတိပြန်လည်လာရသည်။အဲ့ဒီနေ့ကစပြီး အကိုက သူ့ကို တောင်းပန်လို့ မဆုံးတော့ပေ။နေ့လည်ခင်းဖြစ်၍ နေပူတာ
ကြောင့် စဝ်ခွန်းချစ် ဝိုင်းထဲက သရက်ပင်ကြီးအောက်တွင်
ကုလားထိုင်ခုံဖြင့် ထွက်ထိုင်
နေလိုက်သည်။အကိုကတော့
အိမ်မှာ လုပ်စရာရှိသည်များကိုလုပ်နေသည်။အခုတော့ ခြံစည်းရိုးနားက နှင်းဆီပွင့်ဖြူတွေကို ရေလောင်းနေလေသည်။သူ
ဝိုင်းထဲ ထွက်ထိုင်နေခြင်းက
လည်း အကို့ကြောင့်ပင် ဖြစ်သည်။"မင်းချွေးထွက်တာ ကျုပ်ကို
မြူစွယ်တာနဲ့ အတူတူပဲ
ကောင်လေး"ဆိုသည့်အကို့စကားကြောင့်ဖြစ်သည်။
ထို့ကြောင့် သူ သရက်ပင်အောက်
ရောက်နေခြင်းပင်။အိမ်ထဲတွင်သာပူတာ သရက်ပင်အောက်တွင်တော့ လေတစ်ဖြူးဖြူးနှင့် နေလို့ကောင်းသည်။
သူ သရက်ပင်က သရက်ရွက်တွေကို ကြည့်နေစဥ် အကို့ကအနားရောက်လာသည်။လက်ထဲတွင်လည်း နှင်းဆီဖြူတစ်ပွင့်ကို
ကိုင်ထားသည်။"ကောင်လေးအတွက်"ဟု ဆိုကာ လက်ထဲက နှင်းဆီပွင့်ကို သူ့ဆီကမ်းပေးလာသည့် အကိုရယ်။
သူ အကို့ကို ကြောင်ကြည့်နေတုန်း အကိုက ထပ်ပြောလာသည်။"ကျုပ်တစ်ခါမှ ဒီနှင်းဆီပွင့်
ဖြူတွေကို မခူးဖူးဘူး""ဘာလို့လဲ.."
"မခူးရက်ဘူး။သဘောကျလွန်းလို့"
"အဲ့တာဆို အခုဘာလို့
ခူးလာတာလဲ""ဘာလို့ဆို အခုကျုပ်မှာ ဒီနှင်းဆီ
ပွင့်ဖြူတွေထက် ပိုသဘောကျရတဲ့သူရှိလာပြီလေ""အဲ့ဒီလူက ဘယ်သူလဲဟင်"
သူ တကယ်မသိ၍ မေးလိုက်ခြင်းသာ။"မင်းပဲ..ကောင်လေး"
အကို့စကားကြောင့် မျက်ဝန်းအိမ်ကျယ်ကျယ်တို့မှာ ဝိုင်းစက်သွားသည်။ထို့အတူ လက်ထဲက နှင်းဆီဖြူကို ငုံကြည့်လိုက်မိသည်။ထို့နောက် နှင်းဆီပွင့်ဖြူဖြူရဲ့ ပွင့်ဖက်ကလေးများကို လက်ဖြင့် အသာပွတ်သတ်လိုက်သည်။ခပ်ရဲရဲ နှာခမ်းတစ်စုံမှာလည်း အပေါ်သို့ ညွတ်တက်သွားကြသည်။
YOU ARE READING
မောင့် ခွန်းငယ်
Non-Fictionကျုပ်ခွန်းငယ်ကိုသဘောကျတယ်။ ကျုပ်ရဲ့ချစ်ရသူ အဖြစ်နေပေးပါ။ ကျုပ်ရဲ့ ခင်ပွန်းအဖြစ်နေပေးပါ။