အပိုင်း{10}

145 7 2
                                    

အကို့စကားကြောင့် စဝ်ခွန်းချစ် ရယ်ရခက်,ငိုရခက်ဖြစ်သွားရသည်။ကျောင်းဆရာဖြစ်သည့်အပြင် အသက်အရွယ်ကလည်း
သိသင့်နားလည်တက်သည့် အရွယ်ဖြစ်၍ ထို'အိုင် လက် ယူ'ဆိုသည့် အဓိပ္ပာယ်ကို သူကောင်းကောင်းနားလည်ပေသည်။သို့ပေသည့် ထိုအရာကိုလျစ်လျူရှုကာ အကိုမေးသည့် 'မင်းဗိုက်ဆာပြီလား'ဆိုတဲ့ အဖြေကိုသာပြန်ပေးလိုက်၏။

"မဆာသေးပါဘူး။ရေအရင်ချိုးမို့"

"ကျုပ်မေ့နေတာ ကျုပ်
ရေမချိုးရသေးဘူးဘဲ။အဲ့တာ.."

စဝ်ခွန်းချစ် နောက်ဆက်တွဲ
စကားကို သိနေတာကြောင့် လက်ကာပြ၍ ပြောလိုက်သည်။

"အကိုအရင်ချိုးချင်ချိုးလေ..
ခွန်းငယ် စောင့်နိုင်ပါတယ်"

"အာ့"

ရင်ဘက်ကိုဖိ၍ နာကျင်သည့်ဟန်အော်လာသော အကို့ကြောင့် သူပြာသွားရသည်။

"ဘာ ဘာဖြစ်တာလဲဟင်"

"ကျုပ်နှလုံးသားလေးက
မရတော့ဘူး။အား..ရင်တွေ
အရမ်းခုန်နေပြီ။မင်း ကျုပ်နဲ့
ရေအတူချိုးမှရတော့မယ်"

ဝဲဘက်ရင်အုံကိုအတင်းဖိ၍
ပြောလာသော အကို့စကားကြောင့် စဝ်ခွန်းချစ် ပါးစပ်အဟောင်းသား
နှင့်သာ ရပ်ကြည့်နိုင်၏။အကိုက လည်းကျတော့မလို ဖြစ်သွားတာကြောင့် သူအမြန်ပင် ထိန်းကိုင်ပေးလိုက်ရ၏။

"အာ့..။တွေ့လား ခြေထောက်
တွေတောင် မခိုင်တော့ဘူး။
အဲ့တာ မင်းကြောင့်"

အကိုက သူပုခုံးပါ်လက်တင်ကာ အတင်းကပ်တွယ်၍ပြောလာသည်။စဝ်ခွန်းချစ် ခေါင်းအသာခါ၍ ပြုံးလိုက်မိသည်။

"ခွန်းငယ်နဲ့ ဘာဆိုင်လို့လဲ"

သူထို့သို့ပြောလိုက်တော့မှ အကိုကပိုတိုး၍ ဖက်လာလေသည်။ပါးစပ်ကလည်း တစ်အားအားအော်ကာ ထပ်ပြောလာ၏။

"မသုံးနဲ့။မင်းကိုယ်မင်း ခွန်းငယ်လို့သုံးပြီး ပြောလိုက်တိုင်း ကျုပ်မှာ အကြိမ်ကြိမ်ပြိုလည်းနေရတာ"

"ဗျာ..အဲ!"

ယောင်ရမ်းကာ ဗျာဟုပြောလိုက်မိတာကြောင့် ကိုယ့်ပါးစပ်ကိုအုပ်လိုက်မိသည်။သူဗျာလို့ ထူးပြီးတာနဲ့ တစ်ပြိုင်နက် အကိုကသူ့ကိုမော့ ကြည့်လာ၏။

မောင့် ခွန်းငယ် Where stories live. Discover now