အပိုင်း{11}

111 4 0
                                    

"ဆပ်ပြာတိုက်ပေးမယ်။
ဟိုဘက်လှည့်"

သူပြောလိုက်တော့ ကောင်လေးက တစ်ဖက်သို့လှည့်သွားသည်။သူ ထိုကောင်လေးပေးတဲ့ ဆပ်ပြာခဲကို အမြှုပ်ထွက်အောင် အရင်ပွတ်လိုက်ပြီး ကျောပြင်ဖွေးဖွေးကို အသာပွတ်တိုက်ပေးလိုက်၏။
ထိုကောင်လေးကတော့ သူလုပ်ပေးသမျှကို ငြိမ်သတ်စွာခံယူနေသည်။

"ဘယ်နားယားသေးလဲ။ကျုပ် ဘယ်နားကုတ်ပေးရမလဲ"

"ဟို..ခါးနားလေးယားနေလို့။အကို အဆင်မပြေရင် မကုတ်ပါနဲ့.."

"ပြေတာပေါ့။ဒီထက်မပြေတာ
ဘာရှိသေးလို့လည်း"

ပြောပြီး ထိုကောင်လေးရဲ့ ခါးနားသို့ ကုတ်ရန်လက်ရွယ်လိုက်သည်။သို့ပေမဲ့ ထိုကောင်လေးရဲ့ခါးနားမရောက်ခင်မှာပင် သူ၏မျက်လုံးတို့က လည်တိုင်ဖြူဖြူပေါ်က မှဲ့နက်ကလေးဆီ ကျရောက်သွားသည်။အတန်ကြာသည်အထိ မကုတ်ဘဲ ထိုကောင်လေးရဲ့လည်တိုင်ဖြူဖြူကိုသာ စိုက်ကြည့်နေမိသည်။မသိစိတ်က ထိုကောင်လေးရဲ့ လည်တိုင်ဖြူဖြူပေါ်က မှဲ့နက်ကလေးကို နမ်းဖို့ တွန်းအားပေးနေသယောင်။မင်းကိုမောင်မောင် မျက်လုံးတို့ကို မှိတ်ထားလိုက်မိသည်။ထို့နောက် တစ်စုံတစ်ခုကိုကျူးလွန်လိုက်မိလေသည်။

"အမေ့!"

စဝ်ခွန်းချစ် သူ့လည်ပင်းသို့ လာထိတွေ့တဲ့ အနွေးဓာတ်ကြောင့် ယောင်ရမ်းကာ အော်လိုက်မိသည်။သူအနောက်ဘက်သို့ လှည့်ကြည့်မိတော့ အကိုကခေါင်းငုံထားသည်ကိုမြင်လိုက်ရသည်။အကိုက သူ့ကိုမြင်တော့ ချက်ချင်းခေါင်းမတ်လိုက်ကာ ပြောလာသည်။

"ဆပ်ပြာမွှေးလား သိချင်လို့
နမ်းကြည့်တာ"

စဝ်ခွန်းချစ် အကို့ပြောစကား
ကြောင့် စချင်သည့်စိတ်ကလေးဖြစ်ပေါ်လာရသည်။ထို့ကြောင့်
မချိုမချဥ်လေးပြုံးလိုက်မိသည်။

"ပြောစမ်းပါအုန်း..ဆပ်ပြာက
မွှေးရဲ့လား"

သူပြောလိုက်တော့ အကိုက
ကြောင်သွားဟန်ရှိသည် ခတ္တမျှတိတ်ဆိတ်လို့သွားသည်။ထို့နောက် မျက်လုံးတို့ကို မှေးကျဥ်း၍ သူ့ကိုကြည့်လာသည်။

မောင့် ခွန်းငယ် Where stories live. Discover now